နယ်စပ်ပရဆေး ကုန်ကြမ်းကုန်သွယ်မှု မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ ဝဒသမ ဝဝ၁ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၄ ဒသမ ၃ တန်တင်သွင်းမှုရှိခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၈၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၃၃ တန်ကျော် ယခုအပတ်မှာ တင်ပို့မှု ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် တင်ပို့ခဲ့ တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ နနွင်းတက် တန် ၄ဝကျော်၊ နနွင်းခေါင်း ၁ဝ တန်ခန့်၊ ကွမ်းစားဂမုန်း ၄၃ တန်၊ မိချောင်းကွမ်းဖတ်စေ့ ၂၆ တန်၊ မာလာဥခေါင်း ၁၅ တန်ခန့်နဲ့ မာလာဥ ၂၁ တန်ကျော်၊ တောချင်း တန် ၂ဝ ကျော်၊ ဒရင်ကောက်မြစ် ၁၄ တန်ကျော်၊ အုံတုံခေါက် ၁၈ တန်ခွဲ၊ ကြောင်ပန်းစေ့ ၂၄တန်၊ ကြောင်လျာစေ့ ၈ တန်ကျော်၊ တောင်လုံးကျော် ၄တန်ကျော်၊ ရွေးရွက် ၁ဝ တန်ခန့်၊ စကားပန်းပွင့်ခြောက် ၁၉တန်ခန့်၊ ဖန်းခါးသီးခြောက် ၄၆ တန် ခန့်၊ စမုံနက် ၃ တန်ခန့်၊ ကျောက်ဂျင်း ၂ တန်ကျော်၊ ဆေးမြင်းခွာ ဝ ဒသမ ၉ တန်နဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ) ၉ တန်ကျော် စုစုပေါင်း ၃၃၃ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၈၃ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ၂၄ တန်ခန့် ပရဆေး ကုန်ကြမ်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ကွမ်းစားဂမုန်း၊ မိချောင်း ကွမ်းဖတ်စေ့၊ မာလာဥနဲ့ မာလာဥ ခေါင်း၊ တောချင်း၊ ဒရင်ကောက်မြစ်၊ တောင်လုံးကျော်၊ စကားပန်းပွင့် ခြောက်နဲ့ ဖန်ခါးသီးခြောက်များ ယခင် အပတ်တင်ပို့မှုထက် ပိုမိုခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်း၊ နနွင်း ခေါင်း၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့နဲ့ ရွေးရွက်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။MIRT (DOBT)
Background