ထိုင်းနိုင်ငံမှ သကြားတင်ပို့မှု စံချိန်ချိုးရန် မျှော်မှန်း ကြံနဲ့ သကြားဘုတ်အဖွဲ့ရုံး (Office of the Crane & Sugar Board - OCSB) က ယခုနှစ်မှာ သကြားတန် ချိန် ၇ ဒသမ ၁၅ သန်းတင်ပို့ပြီး စံချိန် တင်နိုင်မယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းမှာ မိုးသည်း ထန်စွာရွာသွန်းမှုဟာ ကြံထုတ်လုပ်မှုကို အင်အားတစ်ရပ် ဖြစ်စေခဲ့တယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ် ပရာ ဆပ်ကိုပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ကမ္ဘာ့သကြားဈေးဟာ တစ်ပေါင်ကို ၃၅ဆင့်နဲ့ နှစ် ၃ဝ အတွင်း အမြင့်ဆုံးဈေးကို ရောက်ရှိခဲ့ခြင်းဟာ ကြံစိုက်ပျိုးသူများအတွက် တွန်းအား တစ်ရပ်လည်း ဖြစ်စေခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်မှာ အစိုးရ က ကြံတစ်တန်အပေါ် ထောက်ပံ့ငွေ ဘတ် ၁ဝဝ ကျော် ထုတ်ပေးခဲ့ခြင်းကလည်း ဆွဲဆောင်မှုတစ်ရပ် ဖြစ်စေ ခဲ့ပါတယ်။ ဒီနှစ်ကြံရာသီမှာ ကြံတစ်တန်အတွက် အခြေခံဈေး ၉၄၅ ဘတ် သတ်မှတ်ပေးထားသော်လည်း ထုတ်လုပ်မှုစရိတ် မြင့်မားတဲ့အတွက် ကြံစိုက်ပျိုးသူများက ဘတ် ၁ဝဝဝ ကျော်သတ် မှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ကြံတန်ချိန် ၉၅ ဒသမ ၅ သန်းခန့် ကြိတ်ဝါးနိုင်ပြီး ၂ဝဝ၉- ၂ဝ၁ဝ မှ ၆၈ ဒသမ ၅ သန်းသာ ကြိတ် ဝါးနိုင်ခဲ့ပါတယ်။ ယခင်နှစ်က ကြံ တန်ချိန် ၉ ဒသမ ၆၅ သန်းထုတ်လုပ်ပြီး သကြားတန် ၄ ဒသမ ၆၃ သန်း တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ ၇ ဒသမ ၁၅ သန်းထိ တိုးတင်ပို့ရန် မျှော်မှန်းထားပါတယ်။ OCSB က ယခုနှစ် အစောပိုင်း မှာ ပြည်တွင်းစားသုံးမှု မပြတ်လပ်စေ ရေး အရန်အဖြစ် သကြားတန် ၃ သိန်း ထားရှိရန် သတ်မှတ်ထားပါတယ်။ လတ်တလောမှာ ကမ္ဘာ့သကြား ဈေးဟာ ၁ ပေါင်ကို ၂၂ ဒသမ ၅ဝ ဆင့်ဖြစ်ပြီးဈေးကွက်အတွင်း သကြားစီး ဝင်မှုများလာတဲ့အတွက် ဈေးအနည်း ငယ်ကျသွားတယ်လို့ သိရပါတယ်။ အဓိက သကြားထုတ်လုပ်တဲ့ ဘရာဇီး၊ သြစတြေးလျတို့မှာ သဘာဝ ဘေးဒဏ်ကြောင့် ထုတ်လုပ်မှုကျဆင်း နေတဲ့အပြင် ဘရားဇီးအပါအဝင် နိုင်ငံ အချို့မှာ လောင်စာဆီဈေး မြင့်တက်မှုကို တုံ့ပြန်ရန်သကြားမှ အီသနော ထုတ်လုပ်ရေး ကြိုးပမ်းလာတဲ့အတွက် သကြားသုံးစွဲမှု တိုးတက်လာမယ်လို့ သိရပါတယ်။ Source; Bkk Post သောင်းနိုင်၊(တာချီလိတ်)
Background