Main menu

Background

မန္တလေးမြို့တော်သို့ ငါးဝင်ရောက်မှုများပြားပြီး စားသုံးမှု ပိုမိုများလာ

Sun, 06/19/2011 - 10:28 -- Anonymous (not verified)

မန္တလေးမြို့တော်သို့ ငါးဝင်ရောက်မှုများပြားပြီး စားသုံးမှု ပိုမိုများလာ                  ရန်ကုန်မှ ငါးများ ပြည်တွင်းဈေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ ရောင်းချလျက်ရှိပြီးမန္တလေးမြို့တော်ဟာ အထက်မြန်မာ ပြည်ဈေးကွက်ဖြန့်တဲ့ ဗဟိုအချက်အချာ နေရာဖြစ်ပြီး မန်းမှ တစ်ဆင့် ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ မြစ်ကြီးနားလိုင်းများ သို့ ထပ်ဆင့်တင်ပို့လျက်ရှိပါတယ်။ ရန်ကုန် ငါးများကို ကားလမ်းမှ ကုန်ပိဿာချိန် ၂ဝဝဝဝ ကျော်ခန့်နဲ့ ရထားလမ်းမှ ပိဿာချိန် ၅ဝဝဝ-၆ဝဝဝ ခန့်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ငါးအမျိုးအစားများအနေဖြင့် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါး အုံတုံ၊ ငါးမုတ်နဲ့ ပုစွန်များ ဝင်ရောက်ကြောင်း သိရပါတယ်။ ရထားဖြင့်လာတဲ့ ငါးများကို မန်းမြို့ပေါ်မှ ကိုယ်စားလှယ်က နယ်များသို့ ရထားဖြင့် ဆက်လက်ဖြန့်ပြီး ကားနဲ့လာတဲ့ငါး တွေကို မန်းမြို့တွင်း ညနေ ၃ နာရီမှ စဖြန့်ပြီး ည ၉ နာရီမှာ အဝေးတင်ဖြန့်ကြောင်းသိရပါတယ်။ မန်းမြို့ငါးမွေးမြူရေးကန်များနဲ့ အမရပူရ တောင်သမန်အင်း၊ မတ္တရာမြို့နယ်တို့က လာတဲ့ ငါးများဖြစ်တဲ့ ရွှေဝါငါးကြင်း၊ ငါးခေါင်းပွ၊ ငါးတန်၊ ငါးမြစ် ချင်း၊ တီလားဗီယားငါးများလည်း ပိဿာချိန် ၆ဝဝဝ- ၇ဝဝဝခန့်ဝင်ရောက်ကြောင်း သိရပါတယ်။ မန်းမြို့ပေါ်ရှိဈေး ၄ဝ ဖြန့်ဝေမှုအရ မြို့နေလူထု စားသုံးမှု ပိဿာ ၈ဝဝဝ- ၁ဝဝဝဝ ခန့်ရှိပြီး အခုလတ်တလောဈေးကွက်တွင် ကြက်ငှက်တုပ်ကွေး၊ ဝက်နားရွက်ပြာ သတင်းများကြောင့် ငါးဝင်ရောက် မှု များပြားသည့်အတွက် စားသုံးမှု ပိုမိုများလာတဲ့အပြင် လက်လီပြန်ရောင်းတဲ့ ငါးသည်များမှ ငါးအတုံးလေးများ ခုတ်ပြီး ၁ဝ ကျပ်သား အထုတ်သေးများ တစ်ပိုင်တစ်နိုင် ရောင်းချပေးတဲ့အတွက် ဝယ်ယူမှု ပိုမိုများပြားလာကြောင်း သိရပါတယ်။ ရောင်းချနေတဲ့ ဈေးနှုန်းတွေကတော့ ရန်ကုန် ငါးကြင်းဖြူ တစ်ပိဿာ ၃၅ဝဝ ကျပ်-၄ဝဝဝ ကျပ်၊ ငါးအုံတုံ၊ ငါး မြစ်ချင်း၊ ငါးမုတ်တွေကတော့ တစ်ပိဿာ ၁၇ဝဝ ကျပ်- ၁၈ဝဝ ကျပ်-၂၁ဝဝ ကျပ်ရှိကြောင်း သိရပြီး မန်းမြို့ငါးများ ကတော့ လတ်ဆတ်မှုပေါ်မူတည်ပြီး ဈေးရကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း