Main menu

Background

ဗီယက်နမ် ငါးတင်ပို့ဈေး မြင့်တက်

Sun, 06/19/2011 - 10:36 -- Anonymous (not verified)

ဗီယက်နမ် ငါးတင်ပို့ဈေး မြင့်တက်                ယခုနှစ် ပထမ ၆ လအတွင်း ဗီယက်နမ်နိုင်ငံရဲ့ Tra  ငါးတင်ပို့ဈေးဟာ ယခင်နှစ် ကာလတူဈေးနှုန်းထက် တိုးတက်ရရှိနေတယ်လို့ ဗီယက်နမ် ပင်လယ်ထွက်ကုန်တင်ပို့သူများနဲ့ ထုတ်လုပ်သူများအသင်း (VASEP)မှ ပြောကြားပါတယ်။ ဆွစ်ဇာလန် နိုင်ငံကို Tra  ငါးရောင်းချဈေးဟာ တစ်ကီလိုကို ကန်ဒေါ်လာ ၄ ဒသမ ၄၃ နဲ့ ဈေးအမြင့်ဆုံးရရှိပြီး ဂျပန်ဈေးကွက်ကို တစ်ကီလို ကန်ဒေါ်လာ ၄ ဒသမ ၂၅ နဲ့ ဒုတိယ ဈေးအများဆုံးရောင်းချရတယ်လို့ သိရပါတယ်။ လတ်တလော ကမ္ဘာ့ Tra  ငါးတင်သွင်းတဲ့ ဈေးကွက် ၂ဝ ကျော်မှာ တစ်ကီလို ကန်ဒေါ်လာ ၃ မှ ၃ ဒသမ ၉၇ ဒေါ်လာဈေးအကြားရှိတယ်လို့ ဆိုပါတယ်။ ယခုနှစ် ပထမ ၄ လအတွင်း ွှမေ ငါးတင်ပို့မှု တန်ချိန် ၂ဝ၈၄၄၅ မှ ကန်ဒေါ်လာ ၅၂၁ ဒသမ ၃ သန်းရရှိပြီးဖြစ်လို့ ယခင်နှစ်ထက် ပမာဏအားဖြင့် ၅ ဒသမ ၆ ရာခိုင်နှုန်းသာ မြင့်တက်ပေမဲ့ တန်ဖိုးအားဖြင့် ၂၃ ရာခိုင်နှုန်း မြင့်တက်တယ်လို့ သိရပါတယ်။ ယမင်းခင်   Source: VOV