မုံရွာ မှ မန်းသို့ ကုန်တန်ဆာခဈေးကျဆင်း မန်းမှ မုံရွာ အပြန် တန်ဆာခငြိမ်
မုံရွာ မှ မန်းသို့ ကုန်တန်ဆာခဈေးကျဆင်း မန်းမှ မုံရွာ အပြန် တန်ဆာခငြိမ် မုံရွာမှ မန်းသို့ ကုန်စည်တန်ဆာခများ ဇွန်ဒုတိယပတ်အတွင်း ဆီ တစ်ပိဿာ သယ်ခ ၃ ကျပ်၊ ပဲ၊ ဆန် ပိဿာ ၃ဝ ဝင် တစ်အိတ် ၅ဝ ကျပ်နဲ့ ကလေးဝ ကျောက်မီးသွေး တစ်တန်သယ်ခ ၁ဝဝဝ ကျပ်စီကျဆင်းခဲ့ပါတယ်။ ဒီဇယ်ချက်ဆီသယ်ခ တစ်ပေပါ ၃၅ဝဝ ကျပ်နှုန်းနဲ့ တန့်နေပြီး ဆီနဲ့ ဆန်၊ ပဲ ကုန်များသာ အတက်အကျ မြန်ဆန်မှုရှိကြောင်း သိရပါတယ်။ မန်းမှ မုံရွာသို့ သယ်သည့်ကုန်များ တန်ဆာခဈေးနှုန်း မကျပေမဲ့ အရောင်းအဝယ်ပါး၊ ကုန်ပါးတဲ့အတွက် ကားကြီးများ နေ့ချင်းမပြန် နိုင်ဘဲ မန်းကုန်ကားဂိတ်တွင် ကုန်တန်းစီစောင့်၍ ၂ ည၊ ၃ ညအိပ် ပြီးမှ ပြန်ရကြောင်း၊ ယခင်အာဆီယံနှုန်းထားမသတ်မှတ်မီ ကားကြီး များ တင်ဆောင်သည့် ကုန်ချိန်နှင့်သတ်မှတ်ပြီးမှ သယ်ယူရတဲ့ ကုန်ချိန်ပမာဏက ထက်ဝက်ခန့်ကျသွားပေမဲ့ တန်ဆာခ ထက်ဝက်နှုန်း တက်မလာကြောင်း၊ ယာဉ်ပိုင်ရှင်များအနေဖြင့် ကုန်စောင့်ရတဲ့ အတွက် စရိတ်တက်ခြင်း၊ တန်ဆာခဈေးနှုန်းကျခြင်းတို့ကြောင့် တွက်ခြေကိုက်မှု မရှိသော်လည်း လုပ်ငန်းစဉ်ဆက်မပြတ်စေရန် ပြေး ဆွဲနေရကြောင်း မုံရွာကုန်ကားကြီးအသင်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ် မုံရွာ- မန်း တန်ဆာခ ယခင်ပတ် ယခုပတ်ဆီတစ်ပိဿာ ၁၈ ကျပ် ၁၅ ကျပ်ဆန်၊ ပဲ တစ်အိတ် ၄ဝဝ ကျပ် ၃၅ဝ ကျပ် ယခင်ပတ် ယခုပတ်ကျောက်မီးသွေး တစ်တန် ၁၆ဝဝဝ ကျပ် ၁၅ဝဝဝ ကျပ်ဒီဇယ်ချက်ဆီ တစ်ပေပါ ၃၅ဝဝ ကျပ် ၃၅ဝဝ ကျပ် မန်း-မုံရွာ တန်ဆာခ ယခင်ပတ် ယခုပတ်အချိုရည်တစ်ဖာ ၇ဝ ကျပ် ၇ဝ ကျပ်ဆပ်ပြာမှုန့်တစ်အိတ် ၁၆ဝ ကျပ် ၁၆ဝ ကျပ်ဘိလပ်မြေတစ်အိတ် ၄ဝဝ ကျပ် ၄ဝဝ ကျပ်ခင်မြင့်မြင့်သန်း
