မန္တလေးတောင်ကို ထပ်ဆင့် သျှောင်ထုံးဖို့ ကြိုးစား မန္တလေးတောင် စိမ်းလန်းစိုပြေစေရေးအတွက် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ၁၉၉၄-၁၉၉၅ ခုနှစ်မှစ၍ သစ်ပင်စိုက်ပျိုးခြင်းပြုလုပ် ခဲ့ရာ ယခုအခါ ပြည်သူလူထု ပါဝင်၍ ထပ်မံစိမ်းလန်းစိုပြေရန် သစ်ပင်များ စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။ 'ပထမအဆင့်မှာ သီးခြားသစ်ပင် စိုက်ဖွဲ့ငါးဖွဲ့နဲ့ လူအင်အား ၅၅ ဦးဖြင့် ကျောက်သားများတဲ့နေရာမှာ ကျောက် ဖောက်ပြီး မြေသားအစားထိုးထည့် စိုက်ပျိုးသွားမယ်။ ပထမလမှာ အပင် တစ်သောင်းစိုက်မယ်။ အဖွဲ့တစ်ဖွဲ့ကို ကျောက်ခွေ ၁ဝ ခွေ၊ အပင် ၂ဝဝဝနှုန်း စိုက်ပျိုးမယ်။ စိုက်ပျိုးပြီး အပင်တွေကို ရေလောင်းထိန်းသိမ်း နိုင်အောင် ရေ ကန်ငယ် ၄ ကန်စီပြုလုပ်သွားမယ်။ စီမံချက် ဒုတိယပတ်မှာ တစ်နှစ်ပတ်လုံး ရှင်သန်အောင်ပြုစုသွားမယ်'' ဟု ပန်း ဥယျာဉ်နှင့် ကစားကွင်းများဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မန္တလေးတောင်သို့ တောင်တက် သူများ၊ ကုသိုလ်ပြုသစ်ပင်စိုက်ပျိုးလိုပါ က တောင်ခြေရှိ ကနောင်ရေတင်စက် နေရာမှာ သုံးပေအမြင့်ရှိ အရိပ်ရပင် များ စိုက်ပျိုးထားပြီး တောက်တက်လမ်း ကျန်စစ်သားခြေရာ (ရတနာမာန် အောင်မုခ်ဦး)နှင့် အဆင်းလမ်း ပတ္တမြား တောင်မုခ်ဦးမှာ စခန်းများဖွင့်လှစ်၍ သစ်ပင်များ ထုတ်ဝေပေးမှာ ဖြစ်ပါ တယ်။ မန္တလေးတောင်တွင် လက်ရှိ ပေါက်နေတဲ့ အပင်အမိုျးအစား ၃၃ မျိုး ပေါက်ရောက်၍ ဇွန် ၁၃ ရက်မှစပြီး စိန်ပန်း၊ တမာ၊ တရုတ်စကားပင်များ စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဇူူးးဇူူးး
Background