၂ဝ၂ဝ မှာ အိန္ဒိယက တတိယမြောက်အကြီးဆုံး ကားဈေးကွက်ဖြစ်ဖို့ ဆောင်ရွက်မယ် ကမ္ဘာ့ဆဋ္ဌမအဆင့် ကားအကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ အိန္ဒိယဟာ ၂ဝ၂ဝ မှာ တရုတ်နဲ့ အမေရိကန်ပြီးရင် ကားရောင်းချဖို့ တတိယအကြီးဆုံး ဈေးကွက်ဖြစ်လာဖို့ ဆောင်ရွက်နေတယ်လို့JD Power နဲ့ အသင်းဝင်များက ဇွန် ၁၃ ရက်မှာ ပြောကြားပါတယ်။ ၁ဝ စုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကားရောင်းချမှုဟာ ၁၁ သန်းအထိ ရောက်ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီကာလမှာ တရုတ်နိုင်ငံက မော်တော်ယာဉ် ၃၅ သန်းခန့်နဲ အမေရိကန်က ၁၇ ဒသမ ၄ သန်းခန့် ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း ကားထုတ်လုပ်သူတွေအတွက် အမြတ်ငွေနည်း ပါးတဲ့ ကားသေးဝယ်လိုအား ကြီးမားလာတာကြောင့် အိန္ဒိယရဲ့ ဝင်ငွေက တော့ နည်းသွားလိမ့်မယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ရောင်းချရတဲ့ လူစီးကားအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်း နီးပါးဟာ ကားသေးများသာဖြစ်တယ်လို့ JD Power က ဆိုပါတယ်။ အိန္ဒိယ နိုင်ငံမှာ ပါဝါဂရစ်လိုင်းဖွံ့ဖြိုးမှုမရှိခြင်းနဲ့ ပြည်ပကားအစိတ်အပိုင်းစက်ရုံ မရှိ ခြင်းအပါအဝင် အခြေခံအဆောက်အအုံ နည်းပါးခြင်းက ကားထုတ်လုပ်မှု လုပ်ငန်းအတွက် စိန်ခေါ်မှုများ ကြုံတွေ့နေရဆဲဖြစ်ပြီး ယာဉ်ရောင်းချမှုကို ထိခိုက်နိုင်တယ်လို့လည်း ၎င်းမှဆက်လက်ပြောကြားပါတယ်။ ယမင်းခင် Source: Business standard
Background