Main menu

Background

ဗီယက်နမ်က ကားတင်သွင်းမှု လျှော့ချ

Sun, 06/19/2011 - 11:53 -- Anonymous (not verified)

ဗီယက်နမ်က ကားတင်သွင်းမှု လျှော့ချ                  ဗီယက်နမ်နိုင်ငံက ထိုင်ခုံကိုးခုအောက်ကားများ နှစ်စဉ်ဒေါ်လာ တစ်ဘီလီယံလောက် တင်သွင်းမှုကိုလျှော့ချဖို့ လိုအပ်လာပြီဖြစ်ကြောင်း စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံသားအများစုက ကားအသုံးပြုမှု မရှိပါဘူး၊ အခြေခံအဆောက်အအုံကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးတာကြောင့် ကားတင်သွင်းမှုကို တားမြစ်ဖို့လိုအပ်လာကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ သွင်းကုန်မူဝါဒအသစ်နဲ့ပတ်သက်တဲ့ ကြေညာ ချက်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ၎င်းကြေညာချက်မှာ ကားတင်သွင်း သူတွေအနေနဲ့ နိုင်ငံခြားကားထုတ်လုပ်ရေးတွေက ရောင်းဝယ်ရေးသက်သေခံ လက်မှတ်တင်ပြ နိုင်ရမယ်လို့ ပါရှိပါတယ်။ သွင်းကုန်တင်သွင်းသူ အများစု ကတော့ ဒီကြေညာချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ အစိုးရကတော့ နိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ ကွာဟချက်ကို နည်းနိုင်သမျှနည်းအောင် ကုန်သွယ်ရေး စည်းမျဉ်းအတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဗီယက်နမ်မှာ မေလရဲ့ ကုန်သွယ်ရေးလိုငွေက ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံရှိပြီး ဧပြီလက ဒေါ်လာ ၁ ဒသမ ၄၉ ဘီလီယံရှိခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ အစိုးရက နှစ်စဉ် ကုန်သွယ်ရေးလိုငွေကို ၁၆ ရာခိုင်နှုန်းအောက် ရောက်ရှိအောင် ရည်မှန်းထားပြီး ကုန်သွယ်ရေးဝန်ကြီး ဌာနကတော့ လျာထားချက်ရောက်ရှိအောင် ကြိုးစားနေကြောင်း သတင်း ရရှိပါတယ်။          Source: thanenhen .com, KZW