မန္တလေးမြေ အရောင်းအဝယ်ပြန်လေး ယခင်တစ်ပတ်မှစ၍ မန္တလေးမြေ ဈေးကွက်မှာ အရောင်းအဝယ်လေး လာကြောင်း သိရပါတယ်။ မန္တလေး မြေကွက်များတွင်သာ လာရောက်ရင်းနှီးမြှုပ်နံှမှုများခြင်း၊ မြို့သစ်မြေကွက်များ အနီးတွင် စီမံကိန်းအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လမ်းများကောင်းမွန်လာခြင်း၊ ရွှေဈေးနှုန်း ကျဆင်းလာခြင်း ကြောင့် မြေကွက်များကို ရင်းနှီးမြှုပ်နံှမှု များလာခဲ့ပါတယ်။ ယခုအခါ ဒေါ်လာ ဈေးကျဆင်းခြင်း၊ ယွမ်ငွေဈေး ကျဆင်း ခြင်းကြောင့် မြန်မာငွေဈေးမြင့်တက်၍ မြေဈေးကွက် ခေတ္တလေးသွားခြင်းဖြစ် ကြောင်း သိရပါတယ်။ ''မြေဈေးကွက်က မြို့တွင်းရော မြို့သစ်ပါ အရောင်းအဝယ်လေးနေတာ ၁ဝ ရက်ရှိပြီ၊ လောလောဆယ် ဒီလ အတွင်းမှာ ဈေးတက်ဝယ်ဖို့ မရှိဘူး။ ဝယ်ရောင်းသမားတွေကလည်း မြေမရောင်းမိဖို့၊ မဝယ်မိဖို့ အခြေအနေစောင့် ကြည့်နေတာ။ လုံးဝကြီးဈေးကွက်ရပ် သွားတာတော့ မဟုတ်ဘူး။ ခုအခြေ အနေက လှောင်တဲ့ပစ္စည်းမရှိဘဲ ပေါက် ဈေးအတိုင်းဝယ်ကြတာ။ အကွက်သေး အချို့ ဈေးနည်းတာပဲ အဆွဲရှိတယ်။ အစိုးရရောင်းချခဲ့တဲ့ မြေလေလံကိစ္စက လည်း ၆ လပြည့်ရင် ငွေချေရမှာဆို တော့ မြေထပ်ဝယ်ဖို့ အေးသွားတဲ့ သဘောပဲ။ အရင်လ '' လလ'' မြေ ကွက်တွေဆို နေ့တိုင်းအရောင်းအဝယ် ရှိခဲ့တာ ခု ၁ဝ ရက်အတွင်းမှာ တစ် ကွက်မှ အရောင်းအဝယ်မရှိဘူး။ သိန်း ပေါင်း သောင်းဂဏန်းလောက်ရှိတဲ့ အကွက်တွေဆို လုံးဝအရောင်းအဝယ် မရှိဘဲ ရပ်နေတယ်။ အရင်လတုန်းက မြေရောင်းတဲ့သူက ကြိုက်ဈေးဖွင့်ပြီး ရောင်းရင်ဝယ်တဲ့သူကလည်း ပြောတဲ့ ဈေးအတိုင်း ဝယ်ကြတာများတယ်။ ခုချိန်မှာဝယ်ပြီး ဈေးတက်ရောင်းမရ သေးတော့ မဝယ်ရဲ။ အရောင်းအဝယ် အေးသွားတဲ့ သဘောပဲလို့ မြေအကိုျး ဆောင်တစ်ဦးက ပြောပါတယ်။ မန္တလေးမြေကွက်များမှာ ၂ဝ၁ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အစိုးရမြေ လေလံဈေးကွက်ဖြစ်ပေါ်ပြီးနောက်ပိုင်း အရောင်းအဝယ်သွက်ခဲ့ကြောင်း သိရ ပါတယ်။ ရင်းနှီးမြှုပ်နံှမှု ပြုလုပ်ကြသူ များမှာ မြေကွက်များတွင်သာ ရင်းနှီး မြှုပ်နံှမှုများနိုင်၍ မန္တလေးမြေဈေးကွက် မှာ ဇူလိုင် ၁၅ ရက်နောက်ပိုင်းတွင် ဒေါ်လာဈေး၊ ယွမ်ငွေဈေးအခြေအနေ ကြည့်၍ ဈေးကွက် ပြန်သွက်လာနိုင် ကြောင်း မန္တလေးအိမ်ခြံမြေ ရောင်း ဝယ်သူများက သုံးသပ်ကြပါတယ်။ ဇူးဇူး
Background