Main menu

Background

ဈေးကောင်းနေတဲ့ မန်ကျည်း

Sun, 06/19/2011 - 12:14 -- Anonymous (not verified)

ဈေးကောင်းနေတဲ့ မန်ကျည်း                 မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်တဲ့ ကျောက်ပန်း တောင်းမြို့နယ်မှာ ယခုနှစ် မန်ကျည်းအထွက်နည်းခဲ့တာကြောင့် မန်ကျည်းအသစ်ပေါ်စ ဖေဖော်ဝါရီလက မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၁၅ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးမှ ယခုရက်ပိုင်းအတွင်း ကျောက်ပန်းတောင်းမြို့တွင် မန်ကျည်း အလုံး (အကြောဆွဲ) တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၄ဝဝ ကျပ်၊ မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝ ကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်းစေ့ တစ်တင်း ၄ဝဝဝ ကျပ်ဈေးဖြင့် ဈေးကောင်း လျက်ရှိ ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ ပခုက္ကူ ဆိပ်ဖြူမှ နေ့စဉ်မန်ကျည်း ပိဿာ ၃ဝဝဝ မှ ၅ဝဝဝ ခန့်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်း (ရပ်စောက်) မှ နေ့စဉ် မန်ကျည်းအဝင်နည်းသွားပြီး ရက်ခြား၍ ပိဿာ ၂ဝဝဝ မှ ၃ဝဝဝ ခန့် သာဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် အလုံး (အကြောဆွဲ) ပိဿာ တစ်သိန်းနှစ်သောင်းနှင့် မန်ကျည်းအသား ပိဿာ ရှစ်သိန်းခန့်လက်ကျန်ရှိကြောင်းနှင့် ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့နေ့စဉ် ပိဿာ ၈ဝဝဝ ခန့်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမှ ပြည်ပတင်ပို့မှု အနေနဲ့ ယခုနှစ် ဖေဖော်ဝါရီလမှ မေလ အထိ မလေးရှား၊ ပါကစ္စတန်၊ တရုတ်နိုင်ငံများသို့ ပိဿာချိန် သိန်း ၂ဝ ခန့်တင်ပို့ခဲ့ကြောင်းနဲ့ မန်ကျည်း အလုံး (အကြောဆွဲ) တင်ပို့မှုများခဲ့ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ) တစ် ပိဿာ လက်ကားဈေး ၂၂ဝဝ ကျပ်နဲ့ လက်လီဈေး ၃ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းသင်းအိ