ဝယ်လက်ကို မျှော်တဲ့ ရှမ်းနနွင်း ဒီတစ်ပတ်မှာ ရှမ်းနနွင်းကလည်း ကျောက်ဆည်နနွင်းလိုပဲ ဝယ်လက်ကို မျှော်နေဆဲဖြစ်ပါ တယ်။ ပြည်ပဝယ်လိုအား မရှိတာကြောင့် ဈေးကွက်ကလည်း တဖြည်းဖြည်းပျောက်နေပါတယ်။ ပြီးခဲ့တဲ့လမှာ တရုတ်ဝယ်လက်တွေက တိုင်းရင်းဆေး ဖော်စပ်ဖို့အတွက် နနွင်းခေါင်းတွေကိုသာ သီးသန့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ နနွင်းခေါင်းတွေကတော့ နနွင်းတက်လို ပစ္စည်း အများအပြားမရှိတာကြောင့် ခဏတာသာ ဈေးကွက်ရှိခဲ့ပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးပေါက်ခဲ့ပါတယ်။ နနွင်းတက်က လည်း လှောင်လက်တွေနဲ့ ခြံသမားလက်တွေမှာ ကျန်နေပါသေးတယ်။ ဒီနှစ်တော့ နနွင်းစိုက် တောင်သူအချို့တွေလည်း ပြန်စိုက်ဖို့အတွက်တောင် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ယခင်နှစ်တွေကတော့ နနွင်းဈေးကောင်းရတာကြောင့် နနွင်းအဖြူတွေပါ ရောနှောစိုက်ခဲ့ကြပေမဲ့ ဒီနှစ်တော့ မျိုးကောင်းကိုသာ စိုက်ကြတယ်လို့ သိရပါတယ်။ အဖြူပါနနွင်းတွေက ိုပယ်၊ မျိုးကောင်းနနွင်းကိုသာစိုက်ပြီး အရည်အသွေးကောင်းတဲ့ နနွင်းတွေသာ စိုက်ပျိုးထုတ်လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှ တစ်ပိဿာ ၁ဝဝဝ ကျပ်-၁၂ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်းခါးက တစ်ပိဿာ ၄ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင်
Background