Main menu

Background

ဈေးကောင်းစောင့်တဲ့ ရွှေဟင်္သာ

Tue, 06/21/2011 - 04:42 -- Anonymous (not verified)

ဈေးကောင်းစောင့်တဲ့ ရွှေဟင်္သာ                မန္တလေးတိုင်းဒေသကြီးအတွင်းကထွက်တဲ့ သရက် တွေဟာမူဆယ်ကို ဆက်ပြီးတက်နေပါတယ်။ အခုချိန်မှာ စိန်တလုံး ကုန်သလောက်ရှိတဲ့အတွက် ရွှေဟင်္သာ၊ အကြမ်း မျိုးစုံ အတက်များနေပါတယ်။ စဉ့်ကိုင်ဘက်က ရွှေဟင်္သာ တွေဟာ ခြံတစ်ခြံမှာ တစ်ဝက်သာခူးပြီး တင်ရသေးတာ ကြောင့် တစ်ဝက်လောက်အပင်မှာ ကျန်သေးတယ်လို့ သိရပါတယ်။ နောက် ၁ဝရက်လောက်ဆို အကုန်တင်နိုင်ပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမူဆယ်ဈေး အိတ်စွပ်ရွှေဟင်္သာ တစ်ဖာ ၆၅ ယွမ်(ကျပ် ၇၆၇ဝ) ရိုးရိုး၊ မျိုးစုံသီးတွေက ၂ဝ၊ ၂၅၊ ၃ဝ ယွမ် (ကျပ် ၂၃၆ဝ၊ ၂၉၅ဝ၊ ၃၅၄ဝ) သာရှိပါတယ်။ ဒီရက်ပိုင်း ဈေးနည်းနည်းတက်လာတော့ ခြံထဲမှာ ကျန်တဲ့တစ်ဝက်ကို ဈေးကောင်းရဖို့ မျှော်လင့်ချက်နဲ့ စောင့်နေရတယ်လို့ ဆိုပါတယ်။ မန္တလေးကွင်းတွေအားလုံး ကုန်သွားရင် ညောင်ပင် ဝင်းဘက်ကပဲကျန်မယ်။ အဲဒီအခါမှာ သရက်ပိုရှားလာတဲ့ အတွက် ပိုဈေးကောင်းရနိုင်တယ်လို့ သိရပါတယ်။ ရိုးရိုး သီးတွေကမိုးများတဲ့အတွက် မိုးရေစီးကြောင်းတွေ ပါတာ ကြောင့် ဈေးနိမ့်တယ်လို့ သိရပါတယ်။ ဇွန် ၁၂ ရက်နေ့အထိ သရက် ၁၆ မိုင်ဂိတ် ဖြတ်သန်းစီးဆင်းမှုမှာ စိန်တစ်လုံး တန်ချိန် ၂၈၄၄၊ ရွှေဟင်္သာ ၁၄၆၅တန်၊ သရက်မျိုးစုံ ၁၂၂၂၄ တန် ဖြတ်သန်းလျက်ရှိကြောင်း သိရပါတယ။် အေးအေးတင့််