Main menu

Background

မန်း ပန်းဈေးကွက်

Tue, 06/21/2011 - 04:42 -- Anonymous (not verified)

မန်း ပန်းဈေးကွက်             မန်းပန်းဈေးကွက်တွင် သစ္စာပန်းများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မန္တလေးမြို့နှင့် အနီးတစ်ဝိုက်၌ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ မတ္တရာနယ်များမှ စိုက်ပျိုးသည့် ဟော်လန်၊ သစ်ခွ၊ ဒေသအခေါ် ရေစိုစပ်ကြားတို့ ယခုအချိန်တွင် စတင်ဝင်ရောက်လျက်ရှိပါတယ်။ ဈေးကွက် အနေအထားကတော့ ၂ ထပ်ပွင့်ကြီး ၅ ခက်တစ်စည်း ပန်းရောင်၊ အဖြူ၊ အနီ ၆ဝဝ ကျပ်၊ အဝါ တစ်စည်း ၅ဝဝ ကျပ်၊ အပွင့်သေး ၅ ခက်တစ်စည်း ၃၅ဝ ကျပ်-၃ဝဝ ကျပ်ဈေးများနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလောလောဆယ် ပန်းဒိုင်များ မှလည်း ဝါဆိုကာလနီးတဲ့အတွက် ခြံအထိ သွားရောက်ဝယ်ယူကြပြီး ပန်းဈေးမှာ ဝယ်ဈေးနဲ့ ရောင်ဈေးကွာခြားချက် သိပ်မရှိကြောင်း သိရပါတယ်။ ဝါဆိုခါနီး တစ်ပတ်အလိုမှာ ပျဉ်းမနား၊ မိတ္ထီလာ၊ မြင်းခြံ၊ စစ်ကိုင်းနယ်များသို့လည်း သစ္စာပန်းများ လှိုင်လှိုင်တင်ပို့ရ ကြောင်း လက်လီ၊ လက်ကား ဖြန့်ဖြူးလျက်ရှိတဲ့ ပန်းဒိုင်မှ သိရပါတယ်။ ခင်ပပနိုင်