Main menu

Background

ပေါ် ဦးပေါ်ဖျား ပန်းတိမ်မနိုင်ပန်းများ ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်နေ

Tue, 06/21/2011 - 04:43 -- Anonymous (not verified)

ပေါ် ဦးပေါ်ဖျား ပန်းတိမ်မနိုင်ပန်းများ ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်နေ                 ပြည်ပန်းဈေးကွက် အတွင်း တွင် ယခင်အပတ်အထိ ဂန္ဓမာ ပန်းများသာ အများဆုံးနေရာယူ ရောင်းဝယ်နေကြရာမှ ယခုရက်ပိုင်းအတွင်း ပန်တိမ်မနိုင်ပန်းများ စတင် ဝင်ရောက်လာတာကို တွေ့ရပါတယ်။ရွှေတောင်၊ ပြည်၊ ဇီးကုန်း၊ ပေါင်းတည်နှင့် သဲကုန်း မြို့နယ်များတွင် စီးပွားဖြစ် အများအပြား စိုက်ပျိုးကြပြီး ပြည်ဈေးကွက်နှင့် ရန်ကုန်ဈေး ကွက်သို့ပါ တင်ပို့ရောင်းချကြ ပါတယ်။ ပန်းတိမ်မနိုင်ပန်း တစ်ခိုင်လျှင် အခိုင်အကြီးအသေး ပေါ်မူတည်၍ ၁၅ဝကျပ်မှ ၂ဝဝ ကျပ်ဈေးအထိရောင်းဝယ်လျက် ရှိကြပါတယ်။ ဈေးကောင်းပေမဲ့ ပေါ်ဦးပေါ်ဖျားအချိန် အထွတ် အမြတ်ထားပြီး ဘုရားပန်းပူဇော် သူများရှိသလို ရန်ကုန်ဈေးကွက် သို့ပါ တင်ပို့ရောင်းချရသည့် အတွက် အရောင်းအဝယ် ကောင်းကြောင်း သိရပါတယ်။ အိဆွေဇင်