Main menu

Background

ရှမ်းပြည်နယ်တောင်ပိုင်းမှာ သရက်သီးများ အရည်အသွေးကောင်းလို့ ဈေးကောင်းရခဲ့

Tue, 06/21/2011 - 04:44 -- Anonymous (not verified)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ သရက်သီးများ အရည်အသွေးကောင်းလို့ ဈေးကောင်းရခဲ့              မေလကုန်ပိုင်းက ဈေးကွက် တင်ပို့ဖို့ ပြင်ဆင်နေတဲ့ ရှမ်းပြည် နယ်တောင်ပိုင်း သရက်သီးဟာ ဇွန် ၁၁ ရက်က ကားကြီးတစ်စီး နဲ့ ခြင်း ၁ဝဝဝ မူဆယ်ဈေးကွက် သို့ စပြီးတင်ပို့တာ တွေ့ရပါတယ်။ ခြင်းတစ်ခြင်း သရက်သီး ၁၂ ဒသမ ၅ ကီလို ဂရမ်မှ ၁၃ ကီလိုဂရမ်အထိ အလေးချိန် ရှိပြီး၊ ခြင်းအလွတ်ကတော့ ၈ဝဝ ဂရမ်လေးတယ်လို့ သိရပါတယ်။ ကျောက်ဆုံ၊ ရွှေသံလွင်၊ ကမ္ဘော ဇခြံ ၃ ခြံက ကားတစ်စီးပေါင်း ပြီး တင်ပို့တာဖြစ်လို့ ကျောက်ဆုံ နဲ့ ကမ္တောဇခြံများမှ ခြင်း ၄ဝဝ စီနှင့် ရွှေသံလွင်ခြံက ခြင်း၂ဝဝ တင်ဖြစ်တယ်လို့ သိရပါတယ်။                      မူဆယ်ကုန်သွယ်ရေးဇုန် ရောက် တာနဲ့ ပလတ်စတစ်ခြင်းမှ တစ် ဆင့် ကုမ္ပဏီတံဆိပ်ပါ စက္ကူဂျပ် ဖာများဖြင့် ၁၅ ကီလိုဂရမ်ဝန်း ကျင်အလေးချိန်များဖြင့် ပြောင်း လိုက်ပါတယ်။ ကျောက်ဆုံနဲ့ ကမ္ဘောဇခြံများမှ ၂ဝဝ ဖာစီ၊ ရွှေသံလွင်မှ ၅ဝ ဖာကို ကွမ်ကျိုး တိုက်ရိုက်ချိတ်ဆက် တင်ပို့ တယ်လို့သိရပါတယ်။ ဒီနှစ် တော့ ကမ္ဘောဇခြံက အလုံးညီ ပြီး ပယ်သီးနည်းတာကြောင့် ကွမ်ကျိုးဈေးကွက်က ၁၈၉ဝဝ ယွမ် (ကျပ် ၂၂ သိန်းကျော်) ရပြီး၊ ဖာအရေအတွက် တူတဲ့ ကျောက်ဆုံခြံကတော့ ၁၅ဝ၈၃ ယွမ် (ကျပ် ၁၈ သိန်းနီးပါး) ရတယ်လို့သိရပါတယ်။ ရွှေသံလွင် ကတော့ အထွက်နည်းတဲ့ အတွက် ၄၅၅ဝ ယွမ် (ကျပ် ၅ သိန်းကျော်)ပဲရပါတယ်။ ကျန် တဲ့အသီးကိုတော့ မူဆယ်ဈေး ကွက်မှာပဲ ချရောင်းခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း တစ်ဖာကို ၆ဝ ယွမ် (၇ဝ၈ဝ ကျပ်) မှ ၇ဝ ယွမ် (၈၂၆ဝ ကျပ်) နှုန်းရတာကြောင့် တစ်ကီ လို ၄ ယွမ်အထက် ရပါတယ်။ ငွေဈေးက တစ်ယွမ်ကို ဇွန် ၁၁ ရက်ပေါက်ဈေး ၁၁၈ ကျပ်ရှိတာ ကြောင့် ၄၇၂ ကျပ်အထက်ရပါတယ်။                     သရက်သီး အလုံးလှတာ ကြောင့် တစ်လုံးကို ၄ဝဝ ဂရမ် အထက်ရှိတာကြောင့် ဈေး ကွက်အရောက် တစ်လုံးကို ၂၂ဝ ကျပ်အထက်ရနေတယ်လို့ သိရပါတယ်။ ဒေသတွင်းမှာဘဲ ချရောင်းမယ်ဆိုရင် တစ်လုံးကို ၁ဝဝ ကျပ်အထက်ဈေးသာ ရတာရယ်၊ ထွက်သမျှ သရက်သီး ဒေသတွင်းစားမကုန်တာကြောင့် ပျက်စီးဆုံးရှုံးမှု များနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဇွန် ၁၄ ရက်နေ့မှာလည်း ထပ်မံပြီး ၆၅ဝ ဖာတင်ပို့တယ်လို့ သိရပါတယ်။ တစ်ချိန်က အင်တော၊ ကျောက်ဂူဒေသမှာ သရက်သီး တစ်လုံး ၃ ကျပ်ပင် ဝယ်ယူမယ့် သူမရှိတဲ့ အခြေအနေကနေ ယခု ရှမ်းပြည်နယ်တောင်ပိုင်း သရက်သီးတွေ အရည်အသွေး ကောင်းလို့ ဈေးကောင်းရနေ တာတွေ့ရတော့ ဖိုးသာအောင် တို့ ခြံရှင်တွေ ပြုံးပျော်မဆုံးဖြစ် နေတာ တွေ့ရကြောင်းပါ။ ဖိုးသာအောင်-တောင်ကြီး