Main menu

Background

မန္တလေးဈေးချိုဈေးရုံးများတွင် ကာယလုပ်သား မှတ်ပုံတင်လျှောက်လွှာများ ရယူနိုင်

Tue, 06/21/2011 - 04:50 -- Anonymous (not verified)

မန္တလေးဈေးချိုဈေးရုံးများတွင် ကာယလုပ်သား မှတ်ပုံတင်လျှောက်လွှာများ ရယူနိုင်          မန္တလေးအဆင့်မြင့် ဈေးချိုတော်တွင် ပြင်ပလုပ်သားများနှင့်ရောနှော၍ မရှိစေရန်၊ ခိုးမှု၊ ပစ္စည်း အလစ်သုတ်မှုများမရှိ စေဘဲ စနစ်တကျဖြင့် ရောင်းဝယ်မှုပြလုပ်နိုင်စေရန်အတွက် ကာယလုပ်သားများအား မှတ်ပုံတင်ပြုလုပ်ပေးပြီး တူညီဝတ်စုံဖြင့် သာ အလုပ်လုပ်စေမယ်လို့ သိရပါတယ်။               ကာယလုပ်သားမှတ်ပုံတင်လျှောက်လွှာများကို ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာဈေးရုံးများမှာ လျှောက်လွှာများ ရယူ နိုင်ပါတယ်။ လျှောက်လွှာများကို သက်ဆိုင်ရာရဲစခန်းထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်နှင့်အတူ အကျိုးတော်ဆောင်ရုံးတွင် လျှောက်ထားရမှာဖြစ်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ''ဈေးမှာ စနစ်တကျ ရောင်းဝယ်နိုင် အောင် ကာယလုပ်သား မှတ်ပုံတင်လုပ်ပြီး သူတို့ရဲ့ ကိုယ်ရေးရာဇဝင်ယူထားမယ်။ တူညီဝတ်စုံ ဝတ်ခိုင်းမယ်။ စည်းမျဉ်းစည်း ကမ်းထားပြီး ထိန်းသိမ်းခိုင်းမယ်။ တူညီဝတ်စုံမရှိတဲ့အတွက် ပြင်ပက လူဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်နဲ့ ကိုယ့်အလုပ် သမားလား သူ့အလုပ်သမားလား မသိရဘူး။ ရောနေတဲ့အတွက် အဆင်ပြေအောင် စည်းကမ်းတကျနဲ့ ဆောင်ရွက်သွားမယ်။ ဈေးအကျိုးတော်ဆောင် ကိုယ်စားလှယ်တောက်ခံချက်နှင့်အတူ လျှောက်လွှာများကို ဌာနခွဲမှတစ်ဆင့် ဌာနမှူးရုံးထံ တင်ပြပြီး အတည်ပြု မှတ်ပုံတင်သွားမယ်''လို့ ပြောပါတယ်။        မန္တလေးဈေးချိုတော်ဈေးရုံးတွင် ပံျကျလုပ်ကိုင်သည့် ကာယလုပ်သား ၄ဝဝ ဦးနှင့် မန်းမြန်မာပလာဇာဈေး အကျိုး တော်ဆောင်ရုံးတွင် ပံျကျလုပ်ကိုင်သည့်ကာယလုပ်သား ၁ဝဝ ဦးတို့ လာရောက်လျှောက်ထားမှုရှိကြောင်း သိရပါတယ်။ ကာယလုပ်သားမှတ်ပုံတင် နှစ်စဉ်ကြေးမှာ ၁ဝဝဝ ကျပ်၊ ဝတ်စုံကြေး ၂ဝဝဝ ကျပ်ကောက်ခံမယ်လို့ သိရပါတယ်။ ဇူးဇူး