Main menu

Background

ကိုရီးယားနိုင်ငံ၏ WOOSONG UNIVERSITY, SOLBRIDGE (International School of Business)တွင် BBA Course နှင့် MBA & MIB Course သင်တန်းများ ကျောင်းဝင်ခွင့ ် လက်ခံပေး

Tue, 06/21/2011 - 04:58 -- Anonymous (not verified)

ကိုရီးယားနိုင်ငံ၏ WOOSONG UNIVERSITY, SOLBRIDGE (International School of Business)တွင်  BBA Course  နှင့် MBA & MIB Course သင်တန်းများ ကျောင်းဝင်ခွင့ ် လက်ခံပေး                ကိုရီးယားနိုင်ငံ၏Woosong University နှင့် Solbridge (International School of Business)တွင် BBA Courseနှင့် MBA & MIB Course သင်တန်းများကို ၂ဝ၁၁ စက်တင်ဘာလနှင့် ၂ဝ၁၂ မတ်လအတွက် ကျောင်းဝင်ခွင့် များကို AAT -Business Center ၃၂ နှင့် ၃၃ လမ်းကြား၊ ၇၇ နှင့် ၇၈ လမ်းကြားတွင် လက်ခံဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။               Solbridge  တွင် Bachelor's degree (BBA) နှင့် Master's degree (MBA and MIB )ဘာသာရပ်များကို အင်္ဂလိပ်သာသာဖြင့် သင်ယူနိုင်ပါတယ်။ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ပါမောက္ခများသင်ကြားပေးလျက်ရှိ၍ ကိုရီးယားနှင့် အမေရိကန် (Georgia)  တက္ကသိုလ်နှင့်ချိတ်ဆက်ထားပြီး သတ်မှတ်စာသင်နှစ်အတွင်း ဘွဲ့နှစ်ခုရရှိနိုင်မှာ ဖြစ်ပါတယ်။ International Exchange Program  များအရ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တိုက်ရိုက်ပညာ ဆက်လက်သင်ယူနိုင်ပါတယ်။ ပညာသင်ယူနေစဉ်ကာလမှာ ပညာထူးချွန်ပါက အချိန်ပိုင်းအလုပ်ရှာပေးမှာဖြစ်ပါတယ်။ BBA Course  မှာ ဘာသာရပ် ၅ ခု၊ MBA Course  မှာ ဘာသာရပ် ၄ ခုကို လေ့လာသင်ကြားနိုင်ပါတယ်'' လို့ SOLBRIDGE မှ Regional Manager Toracki Nakamura , Ph.D က ပြောပါတယ်။ Woosong University နှင့်  Solbridge (Internaional School of Business) တွင် ဘာသာရပ် ၂၃ မျိုးကို သင်ယူနိုင်ပြီး Scholarship Program များ လျှောက်ထားနိုင်ကြောင်းနှင့် ၂ဝ၁၁ ဇွန်လနှင့် ဇူလိုင်လများအတွင်း ကျောင်းအပ်နံှသူများအား Discount  အစီအစဉ်များဖြင့် တက်ရောက်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဇူူးဇူူး