Main menu

Background

ထိုင်းအဲဝေးက လေယာဉ်သစ်များ ဝယ်ယူမည်

Tue, 06/21/2011 - 05:04 -- Anonymous (not verified)

ထိုင်းအဲဝေးက လေယာဉ်သစ်များ ဝယ်ယူမည်                  သက်တမ်းရင့်နေတဲ့ လေယာဉ်တွေကို ခေတ်မီလေယာဉ်တွေနဲ့ အစား ထိုးဖို့အတွက် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံဖိုးရှိ အဲဘတ်လေယာဉ် ၂၃ စီးနဲ့လူစီးနဲ့ကုန်တင်ဘိုရင်းလေယာဉ် ၁၄ စီးဝယ်ယူမယ်လို့ ထိုင်းအဲဝေးက ဇွန် ၁၃ ရက်က ကြေညာပါတယ်။သဘောတူ စာချုပ်ကိုလေကြောင်းလိုင်းရဲ့ ဒါရိုက်တာအဖွဲ့က အတည်ပြုထားပြီး ဖြစ်ပါတယ်။အကောင်အထည်ဖော်လာချိန်မှာ အရည်အသွေးနဲ့ဝန်ဆောင်မှု စွမ်းရည်အရ အာရှမှာရှိတဲ့ထိပ်တန်းလေ ကြောင်းသုံးခုထဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။                 အစီအစဉ်အရ ၂ဝ၁၄ ခုနဲ့ ၂ဝ၁၇ ခုနှစ်အတွင်းမှာ Boeing -300ER လေယာဉ် ၆ စင်း၊Airbus A 350- 900 S လေးစင်းနဲ့ A 320-200 S ဝယ်ယူမှာဖြစ်ပြီး စုစုပေါင်းကုန်ကျ ငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရှိပါမယ်။ ၂ဝ၁၂ ခုနှစ်နဲ့၂ဝ၁၇ ခုနှစ်အတွင်း မှာ ဘိုးရင်းလေယာဉ် ၈ စင်းအပါအဝင် လေယာဉ် ၂၂ စင်းကို ငှားရမ်းမယ်လို့ ကုမ္ပဏီရဲ့ကြေညာချက်မှာ ဖော်ပြထား ပါတယ်။                   လောလောဆယ်မှာ လေကြောင်း လိုင်းက သက်တမ်းရင့်နေတဲ့ TUT ဂျမ်ဘိုလေယာဉ်များအပါအဝင် အဲဘတ်စ်နဲ့ ဘိုရင်းလေယာဉ်တွေကို အသုံးပြုပြေးဆွဲနေပါတယ်။ဘိုရင်းလေယာဉ်သစ် 787 Dreamliner တွေပြေး ဆွဲဆောင်ရွက်တဲ့အစီအစဉ်တွေကလည်း နည်းပညာဆိုင်ရာ အခက်အခဲတွေ ကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါ တယ်။ ယခုအကြိမ်အစီအစဉ်အရ ၂ဝ၁၁ ခုနှစ် တတိယသုံးလပတ်မှာ ဒီ လေယာဉ်တွေကို စတင်အသုံးပြုနိုင် တော့မှာ ဖြစ်ပါတယ်။ Source: AFP