Main menu

Background

အိန္ဒိယ အိုင်တီကုမ္ပဏီတို့က ပြည်တွင်းဈေးကွက်ကို ဦးပြန်လှည့်

Tue, 06/21/2011 - 05:04 -- Anonymous (not verified)

အိန္ဒိယ အိုင်တီကုမ္ပဏီတို့က ပြည်တွင်းဈေးကွက်ကို ဦးပြန်လှည့်                 လုပ်ငန်းကြီးထွားဖို့နဲ့ စီးပွားရေးအခွင့်အလမ်းသစ်တွေ ရရှိဖို့အတွက် အိန္ဒိယ အိုင်တီကုမ္ပဏီတွေက ပြည်တွင်းဈေးကွက်ကို ပြန်လည် ဦးလှည့်လာပါတယ်။ အိန္ဒိယနဲ့ တရုတ်မှာ အိုင်တီအတွက် သုံးစွဲတာက လွန်ခဲ့တဲ့ လေးနှစ်လောက်က လူတစ်ဦးဟာ သူ့ဝင်ငွေရဲ့ တစ်ရာခိုင်နှုန်းပင် မပြည့်ခဲ့ပေမဲ့ ယခုအခါ ခုနစ်ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။ အစိုးရက ကျန်းမာရေး၊e- governance  နဲ့ ပညာရေး ကဏ္ဍတွေမှာ သုံးစွဲလာတဲ့အတွက် လာမဲ့ငါးနှစ်အတွင်းမှာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း Zensar Technologies ရဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဂါနက်နာတာရာဂျန်က ပြောပါတယ်။ ဘုံဘေစတော့ဒိုင်မှာ မှတ်ပုံတင်ထားတဲ့ Zensar  ကုမ္ပဏီဟာ လွန်ခဲ့တဲ့ သုံးလပတ်က ၂၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါတယ်။ ဝင်ငွေတိုးလာရတဲ့အထဲမှာ အများစုက အိန္ဒိယကုမ္ပဏီတွေက အိုင်တီအသုံးပြုတာ များလာလို့ ဖြစ်ပါတယ်။                 အိန္ဒိယမှာ အိုင်တီဝန်ဆောင်မှုကို အကြီးကျယ်ပေးနေတဲ့ တာတာအတိုင်ပင်ခံ လုပ်ငန်းTCS ) က iON- a cloud ကွန်ပျူတာစနစ်တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်က ပြည်တွင်းရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေအတွက် ဖြစ်ပါတယ်။ iON  ဟာ လာမဲ့ငါးနှစ်အတွင်းမှာ ဒေါ်လာ တစ်ဘီလီယံ ဖိုးအထိ ဖြစ်ထွန်းလာမယ်လို့ TCS က ခန့်မှန်းပါတယ်။ အိန္ဒိယ ဆော့ဖ်ဝဲထုတ်လုပ်မှုက ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်း တိုးတက်ပြီး ရူပီး ၁၅၇ ဘီလီယံ ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လာမဲ့ သုံးနှစ်အတွင်းမှာ အစိုးရရဲ့ အိုင်တီ အသုံးပြုမှုက လက်ရှိ ဒေါ်လာ ၁ ဘီလီယံ (ရူပီး ၄၅ ဘီလီယံ) ရှိနေရာမှ နှစ်စဉ် ၃ ဒသမ ၅ ဘီလီယံ ရှိလာမယ်လို့ ခန့်မှန်းပါတယ်။ Source: businessstandard.com