Main menu

Background

၂ဝ၅ဝ ပြည့်နှစ်တွင် ဖေါက်ထွင်းမြင်နိုင်တဲ့ လေယာဉ်များကို အဲဘတ်စ်က ထုတ်လုပ်မည်

Tue, 06/21/2011 - 05:28 -- Anonymous (not verified)

၂ဝ၅ဝ ပြည့်နှစ်တွင် ဖေါက်ထွင်းမြင်နိုင်တဲ့ လေယာဉ်များကို အဲဘတ်စ်က ထုတ်လုပ်မည်                ဖေါက်ထွင်းမြင်နိုင်တဲ့အခန်းနံရံများနဲ့ တစ်ဦးချင်းအလိုက် ဝန်ဆောင်မှုပေးနိုင်မဲ့ နေရာထိုင်းခင်းတွေ ပါဝင်တဲ့ရှေ့ပြေး နမူနာပုံစံလေယာဉ်ကို ဥရောပလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ အဲဘတ်စ်က ပြသခဲ့ပါတယ်။ ဒီလေယာဉ်တွေက ၂ဝ၅ဝ ပြည့်မှာ စတင်သုံးစွဲမှာဖြစ်ပါတယ်။ ယခုရက်သတ္တပတ်အတွင်း လန်ဒန်တွင် တင်ပြချက်အရ ယခုဒီဇိုင်းတွေက လေယာဉ် ကောင်းကင်ထက်ကို ပံျသန်းသွားတဲ့အခါ ရှုခင်းစုံကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံက ငှက်ရဲ့ အရိုးစုဖွဲ့စည်းပုံမျိုးဖြစ်တဲ့အတွက် အလေးချိန်ပေါ့ပါးမှုရှိပါတယ်။               လေယာဉ်ခန်းရဲ့ဖွဲ့စည်းပုံဟာ သမားရိုးကျအခန်းမျိုးမဟုတ်ဘဲ လူတစ်ဦးချင်းအလိုက် ဇုန်နယ်မြေများ သတ်မှတ်ပေးပြီး အညောင်းအညာဖြေဖျောက်မှုတေ၊ွ ဂိမ်းတွေကိုပြုလုပ်သွားနိုင်မှာ ဖြစ်တယ်လို့ ဇွန် ၁၅ ရက်ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လေယာဉ်ကုမ္ပဏီက ပြောပါတယ်။                အခန်းထဲမှာပါတဲ့ ပစ္စည်းတွေက ရာခိုင်နှုန်းပြည့်ပြန်သုံးနိုင်ပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ သုံးစွဲတဲ့ ပစ္စည်းတွေက သစ်လျှော်မျှင်ကထွက်ရှိတဲ့ ပစ္စည်းတွေဖြစ်ပြီး စွန့်ပစ်ပစ္စည်းကိုလျှော့ချနိုင်ပါတယ်။ ထိုင်ခုံများ တည်ဆောက်ဖို့ အခြေခံ နည်းပညာတွေကတော့ ရှိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သစ်အခြေခံပစ္စည်းနဲ့ ထွင်းဖောက်မြင်နိုင်တဲ့ နံရံတည်ဆောက်ရေး အတွက် လိုအပ်တဲ့နည်းပညာရေးကို ဘယ်လိုရှာဖွေမယ်ဆိုတာကတော့ ပြတ်ပြတ်သားသား မရှိသေးပါဘူး။   Source: xinhua