အိမ်ဖော် သဘောတူစာချူပ် ချုပ်ဆိုနိုင်မှုကို ဖိလစ်ပိုင်က ကြိုဆို နှစ်စဉ်ပြည်ပမှာ အလုပ်လုပ်ဖို့ အိမ်ဖော် ထောင်ပေါင်းများစွာ စေလွှတ်နေတဲ့ ဖိလစ်ပိုင် နိုင်ငံက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အိမ်ဖော်တွေကို အကာအကွယ်ပေးတဲ့ သမိုင်း ဝင်စာခုျပ်ကို ဇွန် ၁၇ ရက်နေ့က ကြိုဆိုပါတယ်။ ဂျနီဗာအခြေစိုက် ILO က ကမ္ဘာ တစ်ဝန်းရှိ ခန့်မှန်းခြေအိမ်ဖော် ၅၂ ဒသမ ၆သန်း အကာအကွယ်ပေးတဲ့စာချုပ်ကို ဇွန် ၁၆ ရက်က အတည်ပြုလိုက်ပါတယ်။စာချုပ် ကိုအတည်ပြုမယ်လို့ ဖိလစ်ပိုင်နဲ့ ဥရုဂွေး တို့က ပြောပါတယ်။ Source: AFP
Background