ပဲစင်းငုံနီဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄ဝ၅ဝဝဝ ၄၃ဝဝဝဝ၂ မန္တလေး ၁ ပိဿာ ၆၁၇ ၆၁၇၃ မုံရွာ ၁ ပိဿာ ၆ဝဝ ၆၇ဝ၄ ပြည် ၁ ပိဿာ ၆ဝဝ ၆၅ဝ၅ ပခုက္ကူ ၁ ပိဿာ ၆၁ဝ ၆၇ဝ၆ မြင်းခြံ ၁ ပိဿာ ၆၁ဝ ၆၅ဝ၇ အောင်လံ ၁ ပိဿာ ၆၁ဝ ၆၇၅၈ မကွေး ၁ ပိဿာ ၆၄ဝ ၆၇၅ပဲစင်းငုံနီဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် တွေက အစပိုင်းရက်မှာ ဈေးချအဝယ်ရှိပေမယ့် နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုးဈေးမြင့် လာတဲ့အပေါ် ဈေးပေးအဝယ်ရှိတာကြောင့် တစ်တန်ကို ၄၃ဝဝဝဝ ကျပ်နဲ့ တန် ၃၄၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ရန်ကုန်ဝယ်လက်က ဈေးကွက်စဖွင့်ချိန်မှာ တစ်ပိဿာကို ၅၇၅ ကျပ်(တစ်တန်ကို ၃၅၂၁၂၄ ကျပ်)နဲ့ အဝယ်ရှိ ခဲ့ပြီး နောက်ပိုင်းမှာ အိန္ဒိယဈေးကွက်မှာ ပဲစင်းငုံဈေး အနည်းငယ် မြင့်လာတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူ နစ်တန်ဖိုး ဈေးအနည်းငယ်မြင့်လာတာရယ်အပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် တစ်ပိဿာကို ၆၁၇ ကျပ်(တစ်တန်ကို ၃၇၇၈၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ မြို့ခံ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များက ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇ဝ ကျပ် (တစ်တန်ကို ၄၁ဝ၃ဝ၁ကျပ်)နဲ့ နေ့စဉ်အိတ် ၄ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ။် ပြည်ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပါးလို့ ဈေးသာ ရြှိပီး အရောင်း အဝယ်အေးနေတယ်လို့ဆိုပါတယ။် မကွေးဈေးကွက် မှာ ရန်ကုန်ဝယ်လက်က အစပိုင်းရက်တွေမှာ ဈေးချအဝယ်ရှိပေမယ့် နောက်ပိုင်းမှာ ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားဖြစ်ခဲ့ တယ်လို့သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးအတက်အကျနဲ့ အဝယ်အထိုက်အလျောက် ရှိပေမယ့် ရောင်းသူကုန်သည်များက ဈေးကွက်မျှော်လင့်ချက်နဲ့ အ ရောင်းနည်းနေတယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်း ငုံနီက ဈေးကွက်စဖွင့်ချိန်မှာ အရောင်းအဝယ်အေးနေခဲ့ရာမှ နောက်ပိုင်းမှာ ရန်ကုန်ဝယ်လက် ဈေးပေးအဝယ်ရှိလာသလို ဝယ်အားပါများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၆၇ဝ ကျပ်(တစ်တန်ကို ၄၁ဝ၃ဝ၁ ကျပ်)နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
