ကုလားပဲဖြူလုံးကြီးအောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်
ကုလားပဲဖြူလုံးကြီး စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ ၉၉၆ ၉ဝဝ ၂ မန္တလေး ၁ ပိဿာ ၉ဝ၈ ၈၇၃ ၃ မုံရွာ ၁ ပိဿာ ၉ဝ၅ ၈၆၈ ၄ ပခုက္ကူ ၁ ပိဿာ ၉ဝ၅ ၉ဝ၅ ၅ မြင်းခြံ ၁ ပိဿာ ၈၈ဝ ၈၅ဝ ၆ ရေစကြို ၁ ပိဿာ ၈၉၅ ၈၄၂ ကုလားပဲဖြူလုံးကြီးအောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဆွဲများပြီး မြို့ခံခွဲစက်တွေက အဆွဲနည်းခဲ့ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၃ ကျပ်(တစ်တန်ကို ၅၃၄၆၁၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၇ဝဝ မှ ၁ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။မုံရွာဈေးကွက်မှာ မြို့ခံ ပဲခွဲစက်များ အဝယ်နည်းနေပြီး ရန်ကုန်အဆွဲသာရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၆၈ ကျပ်(တစ်တန်ကို ၅၃၁၅၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၈ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉ဝ၅ ကျပ် (တစ်တန်ကို ၅၅၄၂၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက်မှာ မြို့ခံခွဲစက်တွေက အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်း နည်းနေတယ်လို့ သိရပါတယ်။
