နှမ်းဖြူနဲ့ သိပ္ပံနှမ်း ဈေးဆင်းလာ

သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ        ယခင်       ယခု            ပြောင်းလဲမှု ၁ အောင်လံ                ၁ ပိဿာ       ၂၂၂၅        ၂ဝဝဝ နှမ်းဖြူနဲ့ သိပ္ပံနှမ်း ဈေးဆင်းလာ             မန္တလေး ဈေးကွက်မှာ နှမ်းဖြူ(ထိပ်စ)ကို မြို့ခံဆီစက်တွေက တစ်ပိဿာကို ၁၄၄၄ ကျပ်(တစ်တန်ကို ၈၈၄၂၉၁ ကျပ်)နဲ့ နေ့စဉ် အိတ် ၄ဝဝ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သန်းနေကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ဂျပန်ဖြူကတော့ ဈေးကွက်သို့ အဝင်ပုံမှန်ရှိနေသလို တရုတ်ဝယ်လက်က လည်း အရည်အသွေးကြိုက်နှစ်သက်လို့ တစ်ပိဿာကို ၁၄၅၆ ကျပ် (တစ်တန်ကို ၈၉၁၆၃၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်အဝယ်ရှိခဲ့တယ် လို့သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များက ဈေးလျော့အဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၄၄၄ ကျပ် (တစ်တန်ကို ၈၈၄၂၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာအဝယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန် အဆွဲအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် တစ်ပိဿာကို ၂ဝဝဝ ကျပ်(တစ် တန်ကို ၁၂၂၄၇ဝဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။