ပဲတီစိမ်း(ခရမ်း) နဲ့ ပဲတီစိမ်း(အညာ) ကို တရုတ်အဝယ်အေးနေ

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ        ယခင်        ယခု           ပြောင်းလဲမှု ၁ မုံရွာ                  ၁ ပိဿာ        ၁၄၇၄       ၁၃၄၂ ၂ မန္တလေး             ၁ ပိဿာ       ၁၄၅၈       ၁၃၈၇ ၃ မကွေး               ၁ ပိဿာ       ၁၂၁ဝ       ၁၁ဝ၅ ၄ ရေစကြို             ၁ ပိဿာ       ၁၃၉၅        ၁၂၆၃ ၅ ပခုက္ကူ               ၁ ပိဿာ       ၁၄၈၉        ၁၃၂ဝ ပဲတီစိမ်း(ခရမ်း) နဲ့ ပဲတီစိမ်း(အညာ) ကို တရုတ်အဝယ်အေးနေ               ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း)ကို အိတ်စပို့ဝယ်လက်က တစ်ပိဿာ ၁၃၆၅ ကျပ် (တစ်တန်ကို ၈၃၅၉၁၂ ကျပ်)နဲ့ ဈေးချအဝယ်ရှိနေသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေး မရလို့ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ။် မန္တလေးဈေးကွက်မှာ တရုတ်ဝယ်လက်က ဒီတစ်ပတ်မှာ အဝယ်ပြန်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၇ဝဝ ခန့်သာဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပဲတီစိမ်း(အညာ)ကိုလည်း တရုတ်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ၁၃၈၇ ကျပ်(တစ်တန်ကို ၈၄၉၃၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှ မန္တလေးဝယ်လက်က အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေကြောင်းသိရပါတယ။် အရောင်း အဝယ်ဖြစ်မှု က တစ် ပိဿာ ၁၃၄၂ ကျပ်(တစ်တန်ကို ၈၂၁၈၂၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ။် မကွေးဈေးကွက် မှာ ပဲတီစိမ်းကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားအသင့်အတင့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁ဝ၅ ကျပ်(တစ်တန်ကို ၆၇၆၆၉ဝ ကျပ်)နဲ့နေ့စဉ် အိတ် ၁ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရေစကြိုဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေး ဝယ်လက်က တစ်ပိဿာ ၁၂၆၃ ကျပ်(တစ်တန်ကို ၇၇၃၄၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်းနေကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။