ထိုင်ဝမ်ကုလားပဲကို မြို့ခံခွဲစက်တွေက ဈေးချအဝယ်ရှိနေ
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၈ဝ၉ ၇၇၃၂ မကွေး ၁ ပိဿာ ၇၈ဝ ၇၅၅၃ ပခုက္ကူ ၁ ပိဿာ ၇၈ဝ ၇၅ဝ၄ မုံရွာ ၁ ပိဿာ ၈ဝဝ ၇၃၆၅ အောင်လံ ၁ ပိဿာ ၇၈ဝ ၇၅ဝ၆ မြင်းခြံ ၁ ပိဿာ ၈ဝဝ ၇၅ဝ၇ ရေစကြို ၁ ပိဿာ ၇၈ဝ ၇၄ဝ၈ ပြည် ၁ ပိဿာ ၇၈ဝ ၇၅ဝထိုင်ဝမ်ကုလားပဲကို မြို့ခံခွဲစက်တွေက ဈေးချအဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ထိုင်ဝမ် (ကုလားပဲ)ကို ဒေသတွင်းခွဲစက်တွေက ဒီတစ်ပတ်မှာ ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၇၃ ကျပ်(တစ်တန်ကို ၄၇၃၃၇၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာအရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။မုံရွာဈေးကွက်မှာ မြို့ခံ ခွဲစက်တွေက ကုလားပဲကို တစ်ပိဿာ ၇၃၆ကျပ်(တစ်တန်ကို ၄၅ဝ၇၁၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၄ဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မ် ှာ ရှိ နေကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ မြို့ခံခွဲစက်တွေက ထိုင်ဝမ်ကုလားပဲကို အောက်ဈေးနဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၄ဝဝ ကြား ဝယ်အား ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်လ်လံေံဈေးကွကွက်မှာတော့ ဒေသတွင်းပဲခွဲစက်တွေက ဈေးလျော့အဝယ်ရှိလာသလို ဝယ်အားပါနည်းလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ မြို့ခံခွဲ စက်တွေက ထိုင်ဝမ်ကုလားပဲကို အဝယ်အေးသွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန် ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
