Main menu

Background

ခဏခဏနားသည့်အတွက် ကစားသမားများ၏ ခြေစွမ်းနှင့်ကြံ့ခိုင်မှု အတက်အကျရှိနိုင်သည်ဟု အဲရစ်ဝီလံျဆို

Tue, 06/21/2011 - 11:36 -- Anonymous (not verified)

ခဏခဏနားသည့်အတွက် ကစားသမားများ၏ ခြေစွမ်းနှင့်ကြံ့ခိုင်မှု အတက်အကျရှိနိုင်သည်ဟု အဲရစ်ဝီလံျဆို                 မြန်မာနေရှင်နယ်လိဂ် ပထမ အကျော့ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ဒုတိယအကျော့ပွဲစဉ်များမစတင်မီကြား ကာလတွင် အနားပေးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက်နည်း ပြ အဲရစ်ဝီလံျက ခဏခဏအနားပေး ခြင်းသည် ကစားသမားများ၏ ကြံ့ခိုင်မှု နှင့်စွမ်းရည်ကို လျော့ကျစေကြောင်း ပထမအကျော့နောက်ဆုံးပွဲ၏ ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။                              အဲရစ်က '' ကစားသမားတွေကို အခုပွဲပြီး နောက်တစ်နေ့ကစပြီး ဇူလိုင် လ ၃ရက်နေ့အထိအနားပေးလိုက်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း မနက်ဖြန် ပြန်ပြီး ဇွန်လ ၃ဝရက်နေ့မှ ပြန်လာမှာ ပါ။ ကစားသမားတွေအနေနဲ့ နားနေတဲ့ အချိန်မှာတော့ ကိုယ့်ဟာကိုယ် ကြံ့ခိုင် မှုကောင်းအောင် ပြုလုပ်ထားသင့်ပါ တယ်။ ဘယ်လိုနားပါလို့တော့ မပြောလိုပါဘူး။ အခုပြိုင်ပွဲကလည်း လက်ရွေး စင်ပွဲတွေကြောင့် နားတယ်။ သြင်္ကန် ကြောင့်နားတယ်။ အဲဒီလို ခဏခဏနား နေတဲ့အတွက် ကစားသမားတွေရဲ့ကြံ့ ခိုင်မှုအပိုင်းနဲ့ခြေစွမ်းက အတက်အကျ ရှိတယ်။ ပရိုကစားသမားတွေဖြစ်တဲ့အ တွက် တစ်ဦးချင်းလေ့ကျင့်ခန်းတွေနဲ့ ကြံ့ခိုင်မှုကောင်းအောင် အမြဲတမ်းလုပ် နေရပါမယ်။ နားတယ်ဆိုပြီး သွားချင် ရာသွား လာချင်ရာလာ လုပ်နေလို့မရ ပါဘူး''ဟု ဆိုသွားခဲ့သည်။