Main menu

Background

မြန်မာနေရှင်နယ်လိဂ်ပထမအကျော့ ပွဲစဉ်များပြီးဆုံးပြီ

Tue, 06/21/2011 - 11:39 -- Anonymous (not verified)

မြန်မာနေရှင်နယ်လိဂ်ပထမအကျော့ ပွဲစဉ်များပြီးဆုံးပြီ                 မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ် ၂ဝ၁၁ပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။                 ပထမအကျော့ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်အသင်းသည် ရာသီဝက် ချန်ပီယံဖြစ်ခဲ့ပြီး ၁၁ ပွဲ ကစားရာ၌ ရှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၂၆မှတ် ဖြင့် ဇယားတိုင်၏ ထိပ်ဆုံးတွင် ရယူနိုင်ခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် နောက်ဆုံးလက်ကျန်ပွဲစဉ်ဖြစ်သည့် ရတနာပုံ အသင်းနှင့်ကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့သဖြင့် ပထမရာသီဝက် ကာလတွင် ရှုံးပွဲမရှိသည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါအသင်းသည် ၁၁ပွဲကစားရာတွင် ခြောက်ပွဲနိုင်၊ ငါးပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၂၃မှတ်ရရှိကာ ဇေယျာရွှေမြေအသင်းနှင့်ဂိုးကွာခြားချက်ဖြင့် ဇယားတိုင်၏အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။                   ထို့ပြင်ဇွဲကပင်ယူနိုက်တက်အသင်းသည် ရာသီဝက်ကာလ၌ နိုင်ပွဲတစ်ပွဲမှ မရရှိ သေးသည့်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါအသင်းသည် သရေပွဲ ပင် မရရှိခဲ့ဘဲ ၁၁ပွဲရှုံး စံချိန်ကိုတင်ထားနိုင်သည့် အသင်းလည်း ဖြစ်သည်။