Main menu

Background

မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ် ၂ဝ၁၁ ဒုတိယအကျော့ ပွဲစဉ်ဇယားများ ထုတ်ပြန် နေပြည်တော်အသင်းမှ ဒုတိယအကျော့တွင် အိမ်ကွင်းလက်ခံကစားမည်

Tue, 06/21/2011 - 11:43 -- Anonymous (not verified)

မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ် ၂ဝ၁၁ ဒုတိယအကျော့ ပွဲစဉ်ဇယားများ ထုတ်ပြန် နေပြည်တော်အသင်းမှ ဒုတိယအကျော့တွင် အိမ်ကွင်းလက်ခံကစားမည်        မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင် ရယ် ၂ဝ၁၁ပြိုင်ပွဲ၏ ဒုတိယအကျော့ ပွဲစဉ်များအတွက် ပွဲစဉ်ဇယားများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါဒုတိယအကျော့ပွဲစဉ်တွင် နေပြည်တော်အက်ဖ်စီအသင်းသည် နေပြည်တော်ပေါင်းလောင်းကွင်းကို အိမ်ကွင်းအဖြစ် ဧည့်ခံကစားမည်ဖြစ်သည်။ ထို့ပြင် နေပြည်တော်အသင်း သည်ဒုတိယအကျော့ရာသီတွင်အသင်း ၏ လိုဂိုကိုပါ ပြောင်းလဲအသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။                            ယခင်က အိမ်ကွင်းအဖြစ် လက်ခံ ကျင်းပမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် ဧရာဝတီအသင်းနှင့် ဥဿာ အသင်းတို့မှာ ကွင်းပြင်ဆင်မှု မပြီးဆုံးသေးသဖြင့် အိမ်ကွင်းအဖြစ်လက်ခံ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း သိရ သည်။ ယခုအချိန်တွင် အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်သည့် ကွင်းများမှာ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ဗထူး ကွင်း၊ တောင်ကြီးကွင်း၊ မုံရွာကွင်းနှင့် ပေါင်းလောင်းကွင်းတို့ဖြစ်ကြောင်း သိရသည်။                            ဒုတိအကျော့ပွဲစဉ်များကို ဇူလိုင် လ ၃၁ရက်နေ့တွင် စတင်ယှဉ်ပြိုင် က စားမည်ဖြစ်ရာအဖွင့်ပွဲစဉ်အဖြစ်ရန်ကုန် ယူနိုက်တက်အသင်းနှင့် နေပြည်တော် အသင်းတို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ ပွဲစဉ် ၁၂ အဖြစ် ယှဉ်ပြိုင်ကြမည့်အသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၃၁-၇-၁၁ရန်ကုန် - နေပြည်တော်(သုဝဏ္ဏ)၁-၈-၁၁ရတနာပုံ - ရက္ခပူရ(ဗထူး)၁-၈-၁၁ဇေယျာရွှေမြေ - ဇွဲကပင်(မုံရွာ)၁-၈-၁၁ကမ္ဘောဇ - မနောမြေ(တောင်ကြီး)၂-၈-၁၁မကွေး - ဧရာဝတီ(သုဝဏ္ဏ)၂-၈-၁၁ဥဿာ - ဆောက်သမ်း(အောင်ဆန်း)