Main menu

Background

ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ ဒေးဗစ်ဟေး လာမည့်အောက်တိုဘာလမှစ၍ အနားယူတော့မည်

Tue, 06/21/2011 - 11:50 -- Anonymous (not verified)

ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ ဒေးဗစ်ဟေး လာမည့်အောက်တိုဘာလမှစ၍ အနားယူတော့မည်                 ဒဗလျူဘီအေ ဟဲဗီးဝိတ်လက်ဝှေ့ ချန်ပီယံ ဗြိတိန်နိုင်ငံသား ဒေးဗစ် ဟေးသည် လာမည့်အောက်တို ဘာလမှစ၍ လက်ဝှေ့လောက မှ အနားယူတော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဒေးဗစ်ဟေးသည် လာမည့်ဇူလိုင် လ ၂ရက် တွင် အိုင်ဘီအက်ဖ်နှင့်ဒဗလျူဘီအိုချန်ပီယံ ဝလာဒီမာကလစ်ချ် ကိုနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်စီစဉ်ထား ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲမတိုင်မီက ဒေးဗစ်ဟေးသည် ဝလာဒီမာ ကလစ်ချ်ကို၏အစ်ကိုဖြစ်သူ ဗလာဒီမာ ကလစ်ချ်ကိုနှင့်ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း ဗလာဒီမာ၏ကျန်းမာရေးအခြေ အနေကြောင့် ပွဲပျက်ခဲ့ရသည်။     အနားယူမည့်ကိစ္စနှင့်ပတ်သက်၍ဒေးဗစ်ဟေးက ''ကျွန်တော်အသက် ၃ဝရောက်ရင် အနားယူတော့ မယ်လို့ ကြေညာထားပြီးသားပါ။ ဒီဇူလိုင်လ ၂ ရက်နေ့ ဝလာဒီမာနဲ့ပွဲဟာ ကျွန်တော့် အတွက် နောက်ဆုံးပွဲပါ။ ကျွန်တော် ဟာ လက်ဝှေ့လောကကို အနိုင်နဲ့ပဲ ထွက်သွားချင်ပါတယ်။ အောက်တိုဘာ လ ၁၃ရက်နေ့ဟာ ကျွန်တော် အသက် ၃ဝပြည့်တဲ့နေ့ပါ။ ဒါကြောင့် ကျွန်တော် ဒီပွဲမှာ အောင်မြင်ရမယ်။အနိုင် ရအောင် လည်း ယှဉ်ပြိုင်မှာပါ''ဟု ပြောကြားသွားခဲ့သည်။                       ဒေးဗစ်ဟေးသည် အသက် ၂၂ နှစ်အရွယ် ၂ဝဝ၂ခုနှစ်မှ စ၍ ကြေးစား လက်ဝှေ့လောကသို့ ဝင်ရောက်လာခဲ့ ပြီး ၁ဝနှစ်အတွင်း ပွဲပေါင်း ၂၅ပွဲကစား ခဲ့ရာ တစ်ပွဲသာ ရှုံးခဲ့ဖူးသူဖြစ်သည်။ သူ သည် ဒဗလျူဘီအေဟဲဗီးဝိတ်ချန်ပီယံ သရဖူကို ၂ဝဝ၉ခုနှစ်တွင် ရုရှားလူမျိုး နီကိုလေဗာလော့ပ်နှင့်ယှဉ်ပြိုင်ထိုးသတ် ပြီး ရရှိခဲ့ခြင်းဖြစ်သည်။