Main menu

Background

ရီးရဲလ်မက်ဒရစ်မှာ အကြာကြီးနေခွင့်ရပါက အတိုင်းမသိ ဝမ်းမြောက်လိမ့်မည်ဟု ရော်နယ်ဒိုဆို

Tue, 06/21/2011 - 11:57 -- Anonymous (not verified)

ရီးရဲလ်မက်ဒရစ်မှာ အကြာကြီးနေခွင့်ရပါက အတိုင်းမသိ ဝမ်းမြောက်လိမ့်မည်ဟု ရော်နယ်ဒိုဆို                   ရီးရဲလ်မက်ဒရစ်အသင်း၏တောင်ပံ ကစားသမား ပေါ်တူဂီလက်ရွေးစင် ခရစ္စတီယာနိုရော်နယ်ဒိုက ရီးရဲလ်မက် ဒရစ်အသင်းတွင် အချိန်အတော်ကြာ နေခွင့်ရခဲ့ပါက မိမိအနေဖြင့် အရမ်းကို ဝမ်းမြောက်မိလိမ့် မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။                           ရော်နယ်ဒိုက ''ကျွန်တော် ရီးရဲလ် မှာ အကြာကြီးနေချင်ပါတယ်။ နောက်ထပ် ၁ဝနှစ်လောက်ကို ထပ်ပြီးနေချင်ပါတယ်။ ရီးရဲလ်ကနေထွက်ဖို့ ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့မရပါဘူး။ ရီးရဲလ်ရဲ့ဥက္ကဋ္ဌကြီးကသာမင်းကိုနောက် ထပ်၁ဝနှစ်ထပ်ပြီး စာခုျပ်ခုျပ်မယ်ဆိုရင် မနက်ဖြန်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော် ဝမ်းပန်းတသာနဲ့ လက်ခံ လိုက်မှာပါပဲ''ဟု ပြောကြားခဲ့သည်။ အသက် ၂၆နှစ်အရွယ်ရှိသည့် ရော်နယ်ဒိုသည် ပေါ်တူဂီနိုင်ငံအသင်း အတွက် ၅၃ဂိုးသွင်းယူပေးထားခဲ့ပြီး နည်းပြ မော်ရင်ဟိုနှင့်အတူ ကိုပါဒယ် ရေးဖလားကို ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့်အပြင် စပိန်လာလီဂါအမှတ်ပေးပြိုင်ပွဲတွင်လည်း ဒုတိယရရှိ အောင်စွမ်းဆောင်ပေးနိုင်သူတစ်ဦးဖြစ် သည်။                             ရော်နယ်ဒိုသည် ၂ဝဝ၉ခုနှစ်က အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်မန်ချက် စတာယူနိုက်တက်အသင်းမှ စပိန် လာ လီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း သို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈ဝဖြင့် ရောက်ရှိလာသူဖြစ်သည်။ယခုအခါတွင် ရော်နယ်ဒိုသည် မန်စီတီးအသင်းသို့ ပြောင်းရွှေ့ရန် ဆက်သွယ်လျက်ရှိသည် ဟူသောသတင်းများ ပေါ်ထွက်လာပြီး နောက် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။