Main menu

Background

ဒဏ်ရာကြောင့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကင်ကလိုက်စတာ ဝင်ရောက်ယှဉ်ပြိုင်ရန် မသေချာ

Tue, 06/21/2011 - 12:03 -- Anonymous (not verified)

ဒဏ်ရာကြောင့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကင်ကလိုက်စတာ ဝင်ရောက်ယှဉ်ပြိုင်ရန် မသေချာ                  ကမ္ဘာ့အဆင့်နှစ် တင်းနစ်မယ် ကင်ကလိုက်စတာသည် မကြာသေးမီ ကကျင်းပခဲ့သည့် ယူနီဆက်ဖ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဒဏ်ရာရရှိခဲ့သဖြင့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန်မှာ မသေချာတော့ကြောင်း သိရသည်။                    အဆိုပါ ယူနီဆက်အိုးပင်းပြိုင်ပွဲ တွင် ကလိုက်စတာသည်ခြေကျင်းဝတ် ဒဏ်ရာကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ သူမ၏ခြေကျင်းဝတ်ဒဏ်ရာသည် ပြီးခဲ့သည့်ဧပြီလက သူမ၏အစ်မတစ်ဝမ်းကွဲ မင်္ဂလာဆောင်တွင် ကခုန်ရာမှခြေကျင်း ဝတ်လည်ကာဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ သူမသည် အဆိုပါဒဏ်ရာကြောင့် ပြိုင် ပွဲနှင့် နှစ်လခန့်ဝေးကွာနေရာမှ ယခု ယူနီဆက်ပြိုင်ပွဲတွင် ပြန်လည် ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။                    ယူနီဆက်ဖ်အိုးပင်းပြိုင်ပွဲတွင် က လိုက်စတာသည် ကမ္ဘာ့အဆင့် ၈၂ရှိသူ ရိုမီနာအိုဖရန်ဒီကို ၇-၆၊ ၆-၃ နှစ်ပွဲပြတ် ဖြင့် ရှုံးနိမ့်ခဲ့သည်။ အသက် ၂၈နှစ်အရွယ်ရှိသူ သြစီအိုးပင်းချန်ပီယံ ကလိုက်စတာက သူမ ယခုကဲ့သို့ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ''ကျွန်မ သိပ်ကို ကံမကောင်းပါဘူး။ အခုတော့ ဆေးရုံကို သွားရတော့မယ်။ အခုပြိုင်ပွဲဟာ သိပ်ကို မကြီးကျယ်ပေ မယ့် ကျွန်မအတွက်တော့ သိပ်ကို အံအားသင့်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခု ပါ။ ဒီဒဏ်ရာကြောင့် ဝင်ဘယ်ဒန်ပွဲနဲ့ လွဲရတော့မယ်''ဟု စိတ်ပျက်စွာ ညည်း တွားခဲ့ကြောင်း သိရသည်။