နိုင်ငံခြားသား ကျွမ်းကျင်သူတို့အတွက် စင်ကာပူ ကုမ္ပဏီတို့ အကုန်အကျပိုမိုများ ဇူလိုင် ၁ ရက်ကစပြီး နိုင်ငံခြား အလုပ်သမားများကိုယ်စားWork Pass ကိုလျှောက်ထားသောအခါ ကုမ္ပဏီများက အကုန်အကျပိုမို များပြားလာမှာ ဖြစ်တယ်။ ဒါကြောင့် လူသစ်စုဆောင်းရာမှာ အရည် အသွေးနဲ့ ကုန်ထုတ်လုပ်မှုကို ဦးစားပေးဖို့ အရေးကြီးတယ်လို့ စင်ကာပူ အလုပ်ဗီဇာ ကျွမ်းကျင်သူ ရစ်ဗင်က ပြောပါတယ်။ စင်ကာပူ Employment Pass, Entrepreneur Pass နဲ့ SPass ကို လျှောက်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေရဲ့ လစာက ယခုနှစ် မတ်လက စင်ကာပူ ဒေါ်လာ ၁ဝဝဝ တိုးမြှင့် သတ်မှတ်ထားပါ တယ်။ ယခုလို တိုးမြှင့်သတ်မှတ်ထားတာဟာ ကုန်ထုတ်လုပ်မှုပိုမို တိုးတက်ပြီး နိုင်ငံရဲ့ စီးပွားရေး အခြေအနေ တိုးတက်လာဖို့အတွက် ပိုမိုအရည် အသွေး ပြည့်ဝတဲ့ နိုင်ငံခြားသားတွေ ရရှိဖို့အတွက် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စင်ကာပူမှာ သက်မွေးဝမ်းကျောင်း ပညာရှင်၊ မန်နေဂျာသို့မဟုတ် အထူးလုပ်ငန်းတွေနဲ့ အကံျုဝင်သူတွေကို Employment Pass ကို ထုတ်ပေးပါတယ်။ ဒီလက်မှတ်ကိုလည်း P1 ,P2နဲ့ Q1 ဆိုပြီး ထပ်ခွဲ ထားပါတယ်။ ဏ၁ အတွက် စင်ကာပူ ဒေါ်လာ ၇ဝဝဝ မှ ၈ဝဝဝ၊ P2 အတွက် စင်ကာပူ ဒေါ်လာ ၃၅ဝဝ မှ ၄ဝဝဝ နဲ့ Q1 အတွက် စင်ကာပူ ဒေါ်လာ၂၅ဝဝ မှ၂၈ဝဝသို့ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ အလယ်အလတ် ကျွမ်းကျင်သူတွေ ဖြစ်တဲ့ S-Pass ယခင် စင်ကာပူ ဒေါ်လာ ၁၈ဝဝ ကနေ ၂ဝဝဝ ထိတိုးပေးပါတယ်။ အလားတူ S-Pass အတွက် အလုပ်ရှင်က ပေးရမဲ့ စည်းကြပ်ခွန်ကို စင်ကာပူ ဒေါ်လာ ၁၉ဝ နဲ့ ၃ဝဝ အကြား တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ Source: singpr.com
Background
