Main menu

Background

ဒီတစ်ပတ် တန် ၄ဝဝဝ ပို့

Mon, 06/27/2011 - 06:06 -- Anonymous (not verified)

ဒီတစ်ပတ် တန် ၄ဝဝဝ ပို့                 ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှု တန်ချိန် ၅ဝဝဝ အထက်မှာ ရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၄ဝဝဝ ကျော်ကို လျော့ကျ တင်ပို့လာတာတွေ့ရပါတယ်။ ပဲစင်းငုံကို အိန္ဒိယအပြင် စင်ကာပူနဲ့ မလေးရှားကို လည်း တင်ပို့တာတွေ့ရပါတယ်။ ဇွန်လ ၁၇ ရက်နေ့အထိ ယခုဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံ ပြည်ပတင်ပို့မှု တန်ချိန် ၄ဝဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၂၆ဝဝဝ ကျော်သာရှိတာတွေ့ရပါတယ်။ လာမယ့်အပတ်မှာလည်း တင်ပို့မှု အားနည်းနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။      MIRT - MAPT