Main menu

Background

ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ဖို့ ဧပြီလနဲ့ မေလအတွင်းမှာ အစိုးရက ရူပီး သန်း ၁၁ဝဝ ထုတ်ပေးခဲ့

Mon, 06/27/2011 - 06:13 -- Anonymous (not verified)

ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ဖို့ ဧပြီလနဲ့ မေလအတွင်းမှာ အစိုးရက ရူပီး သန်း ၁၁ဝဝ ထုတ်ပေးခဲ့               အိန္ဒိယနိုင်ငံ မိုးရေခံဒေသရဲ့ ရွာပေါင်း ၆ဝဝဝဝ မှာ ပဲထုတ်လုပ်မှုမြှင့်တင်ဖို့အတွက် လက်ရှိဘဏ္ဍာနှစ် ပထမ ၂ လ အတွင်း အိန္ဒိယအစိုးရက ပြည်နယ်များစွာကို ရူပီး သန်း ၁၁ဝဝ (ကန်ဒေါ်လာ ၂၄ ဒသမ ၆၄ သန်း) ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁-၁၂ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ မေလအတွင်း ရူပီး ၁၁ဝဝ ရန်ပုံငွေထဲက ရူပီး ၂၅၄ ဒသမ ၈ သန်း (ကန် ဒေါ်လာ ၅ ဒသမ ၇ သန်း)ကို မဟာရပ်ရှတရာ၊ ရူပီး ၂၁၆ ဒသမ ၁ သန်း (ကန်ဒေါ်လာ ၄ ဒသမ ၈၄ သန်း) ကို ရာဂျက်စသန်၊ ရူပီး ၁၉၁ ဒသမ ၈ သန်း(ကန်ဒေါ်လာ ၄ ဒသမ ၂၉ သန်း)ကို ဥတ္တရာပရာဒေ့ရှ်၊ ရူပီး ၁၅၄ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်း)ကို ကာနာတာကာနဲ့ ကျန်တဲ့ငွေကို အင်ဒရာပရာဒေ့ရှ်၊ ဘီဟာနဲ့ အခြား ပြည်နယ်တွေကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။                  နိုင်ငံရဲ့ ဒေသအများစုမှာ မိုးပဲမျိုးစုံစိုက်ပျိုးနေပြီဖြစ်ပြီး ယခုအချိန်ထိ တောင်သူများက ပဲမျိုးစုံဟက်တာ ၂ ဒသမ ၈၆ သိန်း စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ တောင်သူတွေ ပဲမျိုးစုံစိုက်ပျိုးဖို့ အားပေးတဲ့အနေနဲ့ အစိုးရဟာ ၂ဝ၁၁-၁၂ ပဲမျိုးစုံအတွက်အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တစ်တန် ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၈၉ ဒသမ ၅၈) တိုးမြင့်ခဲ့ပါ တယ်။ ယခုနှစ်အတွက် ပဲတီစိမ်း(MSP)  ကို တစ်တန် ရူပီး ၃၅ဝဝဝ (ကန်ဒေါ်လာ ၇၈၄) မတ်ပဲအတွက် ရူပီး ၃၃ဝဝဝ (ကန်ဒေါ်လာ ၇၃၉) နဲ့ ပဲစင်းငုံအတွက် ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၇၁၇) သတ်မှတ်ခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ ပဲတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျော့ကျစေဖို့ ရွာပေါင်း ၆ဝဝဝဝ မှာ ပဲမိုျးစုံအထွက် မြှင့်တင်တဲ့ စီမံကိန်းကို ယခင်ဘဏ္ဍာနှစ်က စတင်ခဲ့ပြီး ရူပီးသန်း ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၁၉ သန်း) သုံးစွဲခွင့်ပြုခဲ့ပါတယ်။ ယခင်နှစ် ခြောက်သွေ့တဲ့ မြေများမှာ အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာမှာ တောင်သူတွေဆီက တုံ့ပြန်မှု ကောင်းတွေရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ၂ဝ၁ဝ-၁၁ သီးနံှရာသီမှာ ပဲမျိုးစုံတန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ စံချိန်တင် ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ယမင်းရွှေစင်၊Source: hindubusiness