Main menu

Background

ပဲတီစိမ်းသင်္ဘောတင် တန်ချိန် ၃ဝဝဝ ခန့်ရှိ

Mon, 06/27/2011 - 06:14 -- Anonymous (not verified)

ပဲတီစိမ်းသင်္ဘောတင် တန်ချိန် ၃ဝဝဝ ခန့်ရှိ              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုတစ်ပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်) မှာလည်း တန် ၃ဝဝဝ ခန့် သာ ရှိလို့ တင်ပို့မှု လျော့နည်းတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင် တို့ဖြစ်ပြီး ယခုတစ်ပတ်မှာ တရုတ်ဘက်ကို တင်ပို့မှုမရှိဘူးလို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက် ပြည်ပတင်ပို့မှု တန်ချိန် ၈ဝဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၅၆ဝဝဝ ကျော်ထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပင်လယ်ရေကြောင်း တင်ပို့မှု ဆက်လက်နည်းဖွယ်ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT