Main menu

Background

FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်လျော့

Mon, 06/27/2011 - 06:16 -- Anonymous (not verified)

FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်လျော့                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ ယခုတစ်ပတ်မှာလည်း ပဲတီစိမ်းအဝယ်လျော့တာ တွေ့ရပါတယ်။ ဇွန်လ၁၈ ရက်မှ၂၄ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၃ဝဝ ကျော်သာ အရောင်းအဝယ်ဖြစ်တာ တွေ့ရ ပါတယ်။ ပို့ကုန်တစ်ယူနစ်တန်ဖိုး ကျဆင်းပေမဲ့ FOB ဈေးပြောင်းလဲခြင်းမရှိဘဲ ငြိမ်နေတဲ့အတွက် အိန္ဒိယဝယ်လက်များ ဈေးမကိုက်လို့ ဝယ်ယူမှုနည်းတယ်လို့ သိရပါတယ်။                    ဇွန်လ ၁ ရက်မှ ၂၄ ရက်အထိ စုစုပေါင်း အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၈ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ဇွန်လ ၂၄ ရက်မှာလည်း ပဲတီစိမ်း (အညာ) FAQ တစ်တန် ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ၊ ပဲတီရွှေဝါ(အသေး)တစ်တန်ကန်ဒေါ်လာ ၁၁၈ဝ-၁၂ဝဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၁၂၈ဝ- ၁၃ဝဝ အသီးသီးရှိတယ်လို့ သိပါတယ်။ MIRT - MAPT