Main menu

Background

ပြည်ဈေးကွက်သို့ မိုးကြိုပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာ

Mon, 06/27/2011 - 06:22 -- Anonymous (not verified)

ပြည်ဈေးကွက်သို့ မိုးကြိုပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာ                   ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း မိုးကြိုပဲတီစိမ်းများ စတင်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်ဖက်မှ ဝင်ရောက်ခဲ့တာဖြစ်ပြီး တစ်ရက်ကို အိတ် ၁ဝဝ ခန့် အဝင်ရှိခဲ့ပါတယ်။ ယခင်နှစ်က ဇွန်လနောက်ဆုံးပတ်တွင် ပဲအသစ်များ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး တစ်တင်း ၂၆ဝဝ ကျပ်ဖြင့် အဖွင့်ဈေးရှိခဲ့ကာ ယခုနှစ်မှာ တော့ ဇွန်လတတိယပတ်တွင် ယခင်နှစ်ထက် အဝင်စောလာပြီး တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့်သာ အဖွင့်ဈေးရှိခဲ့တဲ့အတွက် တစ်တင်း ၁ဝဝဝဝ ကျပ်ခန့် ဈေးလျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်းသစ်များမှာ အဝင်ရှိလာခဲ့သော်လည်း ဝယ်လက်အဝယ်နည်း နေသေးတယ်လို့ ပွဲရုံများမှ ဆိုပါတယ်။ ခင်ဆွေဝင်း