Main menu

Background

ထောပတ်ပဲနဲ့ မြေထောက်ပဲ ပုံမှန်အတင်ရှိ

Mon, 06/27/2011 - 06:26 -- Anonymous (not verified)

ထောပတ်ပဲနဲ့ မြေထောက်ပဲ ပုံမှန်အတင်ရှိ                 ယခုသီတင်းပတ် (ဇွန် ၁၆ ရက်မှ ၂၂ ရက်) အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲတန်ချိန် ၆ဝဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၃၇ဝ ကျော်တင်ပို့မှုရှိလို့ ယခင်သီတင်းပတ်လိုပဲ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်တို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်နေ့အထိ ပြည်ပတင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲ တန်ချိန် ၈၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၃၅ဝဝ ကျော်ရှိပြီး ယခင်ကဘဏ္ဍာနှစ် ကာလတူ ထောပတ်ပဲတန်ချိန် ၇၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၂၅ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။                 MIRT - MAPT