Main menu

Background

ထောပတ်ပဲနဲ့ မြေထောက်ပဲ ကို ပြည်ပပုံမှန်ဝယ်

Mon, 06/27/2011 - 06:27 -- Anonymous (not verified)

ထောပတ်ပဲနဲ့ မြေထောက်ပဲ ကို ပြည်ပပုံမှန်ဝယ်                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပို့ကုန်ဝင်ငွေတစ်ယူနစ် တန်ဖိုး အပြောင်းအလဲကြောင့် အချို့ပဲတွေ ပြည်ပဝယ်လက် အဝယ်နှေးသွားပေမဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲကိုတော့ ပုံမှန်အတိုင်း ဝယ်ယူနေတာ တွေ့ရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိနေတာကြောင့် အခြားပဲဈေးတွေ ဈေးနှုန်းအပြောင်းအလဲ ရှိနေ ပေမဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ ရန်ကုန် FOB  ဈေးကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ဇွန်လ ၂၄ ရက်နေ့ ရန်ကုန် FOB ဈေးနှုန်းအနေဖြင့် မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ နဲ့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဖြစ်ကြောင်း သိရပါတယ်။                    MIRT - MAPT