Main menu

Background

Export ဝယ်လက်ဆွဲတဲ့ စစ်ကိုင်းပဲကြီး

Mon, 06/27/2011 - 06:35 -- Anonymous (not verified)

Export  ဝယ်လက်ဆွဲတဲ့ စစ်ကိုင်းပဲကြီး                  ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြောင်မြို့နယ်များမှပဲကြီးများ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက် လာပါတယ်။ Export  ဝယ်လက်ရှိလို့ ဇွန်လတတိယ ပတ်အတွင်း ရန်ကုန်ဝယ်လက်ကမုံရွာကုန်စည်ဒိုင်မှာပဲကြီးတင်း ၅၈ဝ ကျော်ဝယ်ယူ သွားကြောင်းသိရပါတယ်။ တိုင်းအတွင်းစားသုံးမှုနဲ့ ပဲကြော်ဖိုလုပ်ငန်းများရဲ့ သုံးစွဲမှုရှိ လို့ မုံရွာကုန်စည်ဒိုင်မှာနေ့စဉ်ပဲကြီးတင်း ၁ဝဝ -၂ဝဝခန့်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက် ကသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုလအတွင်း ပဲကြီးတစ်ပိဿာအနိမ့်အမြင့်ဈေးမှာ ၆၄၂ ကျပ်၊ ၆၇၃ ကျပ်၊ ယခင်နှစ်ကာလတူပေါက်ဈေးမှာ ၁၅၇၉ ကျပ်၊ ၁၆ဝ၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရှိရပါတယ်။ သန်းးသန်းးတင်