Main menu

Background

ဈေးမာလာတဲ့ မန်းပဲကြီး

Mon, 06/27/2011 - 07:09 -- Anonymous (not verified)

ဈေးမာလာတဲ့ မန်းပဲကြီး                မန်းပဲဈေးကွက်သို့ တိုင်းဒေသကြီးများမှ ပဲကြီးများ ဆက်လက်အဝင်ရှိနေပြီး ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်း ပဲကြော်ဖိုသမားများ အဝယ်ရှိတာကြောင့် တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ဇွန်ပထမပတ်ပဲကြီးတစ်ပိဿာကို အမြင့်ဈေး ၈၃၃ ကျပ်၊ အနိမ့်ဈေး ၈၁၄ ကျပ် ဈေးရှိခဲ့ပြီး၊ ဒုတိယပတ်မှာတော့ အမြင့်ဈေး ၉၄၁ ကျပ်၊ အနိမ့်ဈေး ၉ဝ၅ကျပ်ဖြင့်ဈေးမာလာတာတွေ့ရပါတယ်။ ယခုအပတ်မှာတော့ အမြင့်ဈေး ၉၉၅ ကျပ် မှအနိမ့်ဈေး ၉၄၁ ကျပ်ဖြင့် ဈေးမြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်လှောင်လက်သမားများမှ ပြန်လည်အဆွဲများလာတာကြောင့် ဈေးမာလာပြီး တင်ပို့မှု အနေနဲ့ကတော့ ဖေဖော်ဝါရီလမှာ ၃၃ တန်၊ မတ်လမှာ ၆၅၄ တန်အများဆုံးတင်ပို့ခဲ့ပြီး ဧပြီလ မှာတော့ ၅၈၂ တန်ခန့်၊ မေလမှာ ၂၆၅တန် တင်နိုင်ခဲ့ပါတယ်။ ယခုဇွန်တတိယပတ် အထိ တန် ၂၄၆ ခန့်တင်ပို့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။     မိုးးမိုးးအေး