Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲစင်းငုံနီစိုက်ပျိုးနေပြီ

Mon, 06/27/2011 - 07:11 -- Anonymous (not verified)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲစင်းငုံနီစိုက်ပျိုးနေပြီ               စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်နှစ်ကိုတစ်သီးသာ စိုက်ပျိုးတဲ့ပဲစင်းငုံနီဟာ ၂ဝ၁၁-၁၂ ခုနှစ်လျာထား စိုက်ဧက ၅ ဒသမ ၄၅ သိန်းအနက်ဧက ၃ ဒသမ ၄၂ သိန်း၊ ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ပဲစင်းငုံ သီးနံှကို မေ၊ ဇွန်၊ ဇူလိုင် လများမှာစတင်စိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ကာလများ မှာထွက်ပေါ်မှာဖြစ်လို့ သက်တမ်း ၆ လမျှအချိန်ကာလကြာမြင့်ပါတယ်။ ယခုရောင်းဝယ်နေတာက တောင်သူနဲ့ ကုန်သည်များလက်ဝယ်ရှိနေတဲ့ ယခင်နှစ်ထွက်ပဲစင်းငုံများဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လအတွင်းပဲစင်းငုံ နီတစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၆၁ဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးအသီးသီးနဲ့ရောင်းဝယ်ခဲြ့ကပြီး တစ်ရက်ကိုပဲစင်းငုံနီ ပျမ်းမျှတင်း ၁ဝဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှ မန္တလေးသို့ ပဲစင်းငုံနီတင်း ၂၁ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ်။   သန်းးသန်းးတင်