Main menu

Background

မန်းထောပတ်ပဲ ဈေးအေးလာ

Mon, 06/27/2011 - 07:12 -- Anonymous (not verified)

မန်းထောပတ်ပဲ ဈေးအေးလာ              မန္တလေးဈေးကွက်မှ တရုတ်ဈေးကွက်ကို နှစ်စဉ်တင်ပို့တဲ့ အထဲမှာ ထောပတ်ပဲဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ဖေဖော်ဝါရီလမှာ ၁ဝ တန်၊ မတ်လမှာ တန် ၁ဝဝ သာတင်ပို့နိုင်ခဲ့ပြီး ဧပြီလမှာတန် ၅ဝဝ တင်ပို့နိုင်ခဲ့ တာကို တွေ့ရပါတယ်။ မေလအတွင်းမှာ တန် ၂၅ဝ ခန့်နဲ့ ယခုဇွန်လ တတိယပတ်ထိ တန် ၁၅ဝ ခန့်တင်ပို့ပြီးဖြစ်ပါတယ်။ ဇွန်လအတွင်း တင်ပို့ခဲ့တဲ့ တန် ၁၅ဝ ဟာ ပထမပတ်အတွင်း က တင်ပို့ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တင်ပို့မှု အေးနေပါ တယ်။ဒါကြောင့် ဈေးကွက်အခြေအနေကလည်း အေးလာတာကို တွေ့ရပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ထောပတ်ပဲ တစ်ပိဿာဈေးများကတော့ ဇွန်လ ပထမပတ် ၈ ရက်နေ့မှာ အမြင့်ဆုံး ၁ဝ၆၇ ကျပ်၊ အနိမ့်ဆုံး ၇၄၇ ကျပ်ဖြစ်ခဲ့ပြီး၊ ဒုတိယပတ် ၁၃ ရက်နေ့က အမြင့်ဈေး ၁ဝ၇၆ ကျပ်၊ အနိမ့်ဈေး ၁ဝ၄၉ ကျပ်ထိ ဈေးကွက်မြင့်တက်ခဲ့ပါတယ်။ တတိယ ပတ်ထဲမှာတော့ အမြင့်ဈေး ၁ဝ၃ဝ ကျပ်၊ အနိမ့်ဈေး ၇၅၆ ကျပ်ထိ ဈေးအေးခဲ့ပါတယ်။ ဇွန်လ ၁ဝ ရက်နောက်ပိုင်းမှာ တော့ တရုတ်တင်ပို့မှု မရှိသလောက်ဖြစ်ခဲ့ပြီး ရန်ကုန်ဈေး ကွက် အနည်းငယ်နဲ့ ဒေသတွင်း ဝယ်လက်လောက်သာ ရှိကြောင်း သိရပါတယ်။ မိုးမိုးအေး