ဓာတ်မြေသြဇာထိုင်းနိုင်ငံမှ အများဆုံးဝင် ပင်လယ်ရေကြောင်းလမ်းကနေ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာ ကာလ အတွင်း ဓါတ်မြေသြဇာတန်ချိန် ၃ဝ၇၉ ဒသမ ၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းခြောက်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံမှာ တရုတ်နိုင်ငံမှ ယူရီးယား ဓာတ်မြေသြဇာ တန်ချိန် ၅၆ဝ၊ ဗီယက်နမ်မှ ဓာတ်မြေသြဇာ တန်ချိန် ၆ဝဝ၊ ဘူဂေးရီးယားမှ တန်ချိန် ၂၅ဝ၊ ထိုင်းနိုင်ငံမှ ကောမတ် ဓာတ်မြေသြဇာ တန်ချိန် ၁၃၁၇ ဒသမ ၅ နဲ့ စင်ကာပူနိုင်ငံမှ တန်ချိန် ၃၅၂ ဒသမ ဝ၈ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာ တင်သွင်းမှုက တန်ချိန် ၂၅၄ဝ ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ငါးရာ့သုံးဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၃ဝဝဝ ခန့် တင်သွင်းမှုရှိ မူဆယ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၂၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၉ဝ၉ တန်ကို ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၂၁၇ဝတန်၊ ကော့သောင်းမှ ၄၇၁ တန်၊ ရိဒ်မှ ၂ဝ၁ တန်နဲ့ တာချီလိတ်မှ ၆၆ တန်တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် ၂၆၁၈ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်က ယူရီးယား၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း၊ နိုက်တြစ်ဖော့စဖိတ် ၊ တီစူပါဖော့စဖိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တာချီလိတ်မှ အမိုးနီးယမ်းနိုက် တြိတ်နဲ့ ရိဒ်နယ်စပ်မှ ပိုတက်ရှ်ဓာတ်မြေသြဇာများ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၉၅ဝဝ ၂၈၉ဝဝ ပိုတက် (တရုတ်) ၂၃ဝဝဝ ၂၁၈ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၃၅ဝဝ ၂၂၄ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၃၅ဝဝ ၂၂၄ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၈ဝဝ ၂၁၅ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၂၃ဝဝ ၂၂ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅ဝဝဝ ၂၅၅ဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၂၇ဝဝ ၂၂၇ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ် ) ၂ဝ၈ဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၁ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၂ဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၅ဝဝ ၁ဝ၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆၅ဝဝ ၃၆၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၃၅ဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၂ဝ၅ဝဝ ဓာတ်ဆား (တရုတ်) ၁၂၅ဝဝ ၁၂၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝဝဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၈၅ဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
Background