ဘိလပ်မြေတန်ချိန် တစ်သိန်းငါးသောင်းကျော် ရေကြောင်းလမ်းမှဝင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် တစ်သိန်းငါးသောင်းခြောက်ထောင်ကျော်ကို မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံထုတ် စိန်တံဆိပ်နဲ့ ဆင်တံဆိပ်ဘိလပ်မြေများကို အများဆုံး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က တန်ချိန် တစ်သောင်းတစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့တဲ့ ဘိလပ်မြေ က ဒီတစ်ပတ်မှာ သွင်းအားကောင်းကောင်းနဲ့ တင်သွင်းလာတာတွေ့ရပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် တစ်သိန်းလေးသောင်းကျော်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် တစ်သောင်းခြောက်ထောင်ကျော် အသီးသီးမှာယူတင်သွင်းခဲ့တာ တွေ့ရ ပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေပိုမိုတင်သွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်၊ မြိတ်နဲ့ ကန်ပိုက်တီးနယ် စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၁၄၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၅၈၃ တန်ကျော်ကို ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၂၃ တန် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင် အပတ်က တာချီလိတ်နယ်စပ်တစ်ခုတည်းကသာ ဘိလပ်မြေ တန် ၉၆ဝ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ မြိတ်နဲ့ ကန်ပိုက်တီးစခန်းများက တင်သွင်းမှုရှိခဲ့ ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၇၁၄ တန်ကျော်၊ မြိတ်မှ ၄၆၉ တန်၊ ကန်ပိုက်တီးမှ တန် ၄ဝဝ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၃ဝဝ ၆၅ဝဝ ဘိလပ်မြေ (AAA) ၅၇ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၄ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၄ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန ် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(မြို့တော်) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆ဝဝဝMIRT (MAPT)
Background