နို့ဆီတန်ချိန်လေးရာကျော် တင်သွင်းခဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၄၄၁ ဒသမ ၈ဝ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ လေးသိန်းလေးသောင်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကနေ မှာ ယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး အိုကေတံဆိပ် နို့ဆီများကို မှာယူတင်သွင်းခဲ့ တာဖြစ်ပါတယ်။ နို့စိမ်းက ယခုသီတင်း ပတ်နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင် မရှိခဲ့ပါဘူး။ နို့ဆီက ယခင်သီတင်းပတ် မှာ အဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ ပြန် လည်တင်သွင်းလာတာဖြစ်ပါတယ်။ နို့မှုန့်ကတော့ သြစတြေးလျ၊ နယူး ဇီလန်နဲ့ မလေးရှားနိုင်ငံတို့ဘက်မှ မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုက တန်ချိန် ၇၅ တန် ကျော်သာရှိခဲ့ပြီး ဒီတစ်ပတ်မှာ ၂၃၅ တန် မှာယူတင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်တန်ချိန် တစ်ရာ ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီနို့စိမ်း တင်သွင်းမှုပိုမို ထိုင်း-မြန်မာ နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁၈၂၅၆ တန်ဖိုးရှိ နို့ဆီ ၂၂ တန်ခန့် (၁၁၄၁ သေတ္တာ)နဲ့ ကန်ဒေါ်လာ ၁၈၂၅၆ တန်ဖိုးရှိ နို့စိမ်း ၁၇၈ တန်ခန့် (၉၃၈၂ သေတ္တာ) ဇွန် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က နို့စိမ်း ၈၅ တန် သာ တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ နို့စိမ်း ၉၂ တန်တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ယခင် အပတ်နည်းတူ နို့မှုန့်တင်သွင်းမှု မရှိခဲ့ ဘူးလို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၇ဝ ၈ဝဝဒွန်း( နို့စိမ်း) ၇ဝဝ ၇၅ဝFalcon နို့ဆီ ၆၅ဝ -Happy Cow(အနီ) ၆ဝဝ -Happy Cow (အပြာ) ၆၅ဝ -အိုကေ( နို့ဆီ) ၆၇ဝ ၇ဝဝအိုကေ( နို့စိမ်း) ၆၇ဝ ၇ဝဝMIRT (DOT)
Background