Main menu

Background

ဈေးအေးအရောင်းအဝယ်အေးတဲ့ မုံရွာမတ်ပဲ

Mon, 06/27/2011 - 08:39 -- Anonymous (not verified)

ဈေးအေးအရောင်းအဝယ်အေးတဲ့ မုံရွာမတ်ပဲ                  မုံရွာကုန်စည်ဒိုင်မတ်ပဲဈေးကွက်မှာ တစ်ပိဿာ ပေါက်ဈေးက ဇွန်လ ၂ ရက်မှာ ၈၆ဝ ကျပ်မှ ဇွန်လ ၁၅ ရက်နေ့မှာ ၇၆ဝ ကျပ်သို့ဈေးအေးပြီး ဇွန်လ ၂၂ ရက်နေ့မှာ ၈ဝဝ ကျပ်သို့ ဈေးလှုပ်လာကြောင်း သိရပါတယ်။ တောင်သူနဲ့ ကုန်သည်များလက်ဝယ် မတ်ပဲလက်ကျန်များနည်းနေပြီး ဈေးအေးလို့အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။                  ဒေသတွင်းစားသုံးမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှမတ်ပဲ တင်း ၁ဝဝ နှင့် ၂ဝဝ ကြားပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ စီးထွက်မှုအနေနဲ့ ဇွန်လတတိယ ပတ်အတွင်း မုံရွာမှမန္တလေးသို့ မတ်ပဲတင်း ၁၅ဝ ခန့်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ။် သန်းးသန်းးတင်