ဈေးအပြောင်းအလဲမရှိတဲ့ ဘိုကိတ် ပြည်ဘိုကိတ်ပဲမှာ ယခင်နှစ်က ပိဿာ ၂ဝ တစ်တင်းကို ၂၁၅ဝဝ ကျပ်ဖြင့် ဈေးကောင်းရခဲ့ပြီး ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များဖြင့် အဝယ်သွက်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ လက်ရွေးသန့်စင်ပြီးသော ဘိုကိတ်ပဲအမျိုးအစားမှာ ၁၂၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်ရက်၌ အိတ် ၅ဝ မှ ၁ဝဝ အတွင်း အရောင်းအဝယ်ဖြစ်ပြီး အရည်အသွေးညံ့သော ဘိုကိတ်ပဲမှာ တစ်တင်းကို ၁၁ဝဝဝ ကျပ်ဖြင့် ၁၅ အိတ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဘိုကိတ်ပဲများကို အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိသလို အခြားတိုင်းမှ ဝင်ရောက်မှုမရှိဘဲ တိုင်းဒေသကြီးအတွင်းရှိ လက်လီသမားများဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဆုမွန်မွန်ဆွေ
Background