ပထမ ၅ လကာလတွင် ယူနန်ပြည်နယ်ရဲ့ ပြည်ပကုန်သွယ်မှု တိုးတက်လာ ကူမင်းခရိုင် အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ ယခုနှစ်ပထမ ၅ လတာကာလမှာ ယူနန် ပြည်နယ်ရဲ့ ပြည်ပကုန်သွယ်မှုဟာ ဒေါ်လာ ၅၉ ဒသမ ၅ ဘီလီယံ ရှိပြီး တရုတ်နိုင်ငံတွင် အဆင့် ၂၃ နေရာမှာ ရှိခဲ့တယ်လို့ သိရပါ တယ်။ ယမန်နှစ်အလားတူကာလထက် ၃၁ ရာခိုင်နှုန်း ကျော်တိုး မြှင့်လာခဲ့ပြီး ပို့ကုန်ပိုင်းမှာ ၄၄ ရာခိုင်နှုန်းနဲ့ သွင်း ကုန် ပိုင်းမှာ ၁၇ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ယူနန်ပြည်နယ်မှ ပြည်ပသို့ တင်ပို့တဲ့ထုတ်ကုန် ၆ မျိုးအနက် လျှပ်စစ်ပစ္စည်းကိရိယာမှာ ပထမနေရာ ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံ၊ လယ်ယာထွက်ကုန်ပစ္စည်း ဒုတိယ နေရာဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ၊ ဓါတ် မြေသြဇာ တတိ ယနေရာ ဒေါ်လာ ၃ ဘီလီယံ၊ အထည်အလိပ် စတုတ္ထ နေရာ ၂ ဒသမ ၈ ဘီလီယံ အသီးသီး ရှိတယ်လို့ သိရပါတယ်။ Source: ယူနန်တူးဆိပေါင့် (မြို့ပြ) တင်လတ်
Background